Golden Cucumber ဆိုတဲ့ စာလုံးကိုရှာရင်းနဲ့ သူ့ရဲ့နောက်ခံပုံပြင်လေးကို သွားတွေ့ခဲ့တယ်။ အဲ့ဒါကြောင့် မောင်ညီမလေးတွေနဲ့ ရွှေက သူငယ်ချင်းတွေအားလုံးကို အပျင်းပြေအဖြစ် suboo ကပုံပြင်လေးပြောပြရင်း အင်္ဂလိပ်စာပါလေ့လာကြရအောင်နော်. .
Ti mun Mas က Golden Cucumber လို့ အဓိပ္ပါယ်ရပါတယ်။ ရွှေသခွားသီးပေါ့နော် . .
ပုံပြင်လေးကတော့ . . .
Once upon a time, not far from a jungle, lived a husband and a wife.
Ti mun Mas က Golden Cucumber လို့ အဓိပ္ပါယ်ရပါတယ်။ ရွှေသခွားသီးပေါ့နော် . .

Once upon a time, not far from a jungle, lived a husband and a wife.
They were farmers. They were diligent farmers and always worked hard in the paddy fields. They had been married for many years and still not have a child yet. Every day they prayed and prayed for a child.
ဟိုးရှေးရှေးတုန်းက တောအုပ်ကလေးတစ်ခုနဲ့သိပ်မဝေးတဲ့နေရာမှာ လယ်သမား လင်မယားနှစ်ယောက် နေထိုင်ကြသတဲ့. . သူတို့ဇနီးမောင်နှံနှစ်ယောက်က သိပ်ကိုအလုပ်
ကြိုးစားကြတယ် ၊ လယ်ထဲမှာပဲ အမြဲနေပြီး အလုပ်ကို ကြိုးစားပမ်းစားလုပ်ကြတယ်. . သူတို့တတွေ လက်ထပ်ပြီးတာ နှစ်တွေသိပ်ကြာနေပြီဖြစ်ပေမယ့် ကလေးမရကြသေးဘူးတဲ့. . အဲ့ဒါကြောင့် သူတို့ဟာ ကလေးရဖို့ပဲ နေ့စဉ်နေ့တိုင်း ဆုတောင်းနေကြရသတဲ့ . . .
One night, while they were praying, a giant passed their house. The giant heard their pray.
တစ်ညမှာတော့ သူတို့ဆုတောင်းနေတုန်း ဘီလူးကြီးတစ်ကောင် သူတို့အိမ်နားက
ဖြတ်သွားပြီး ဆုတောင်းသံကို ကြားသွားသတဲ့ကွယ် . . .
"Don't worry farmers. I can give you a child. But you have to give me that child when she is 17 years old," said the giant.
ကဲ ဘာမှစိတ်မပူကြနဲ့. . ကျွန်ုပ် အသင်တို့ကို ကလေးရအောင် လုပ်ပေးနိုင်တယ် . . ဒါပေမယ့် အဲ့ဒီကလေး အသက် 17 နှစ်ပြည့်ရင်တော့ ကျွန်ုပ်ကို ပြန်ပေးရမယ် . . လို့ ဘီလူးကြီးက ပြောသတဲ့ . .
The farmers were so happy. They did not think about the risk of losing their child later and agree to take the offer. Later, the giant gave them a bunch of cucumber seeds. The farmers planted them carefully. Then the seeds changed into plants.
လယ်သမားလင်မယားနှစ်ယောက်လည်း အတိုင်းထက်အလွန်ပျော်ရွှင်သွားကြတာပေါ့ ..
အဲ့လိုနဲ့ပဲ သူတို့တတွေဟာ နောက်ပိုင်းမှာ ကလေးစွန့်လွှတ်လိုက်ရမှာကို မတွေးမိကြဘဲ ကမ်းလှမ်းချက်ကို လက်ခံလိုက်ကြတယ်. . အဲ့ဒီနောက်မှာတော့ ဘီလူးကြီးက သခွားစေ့လေးတွေ ပေးလိုက်သတဲ့ . . လယ်သမားလင်မယားနှစ်ယောက်လည်း သေချာ ဂရုတစိုက်နဲ့ စိုက်ပျိုးကြတာပေါ့ . . နောက်တော့ အစေ့လေးတွေကနေ အပင်လေးတွေဖြစ်လာကြတယ် . .
(credited by subootalk)
ကဲ . . ပုံပြင်လေးကိုတော့ ဒီမှာခဏရပ်လိုက်ကြရအောင်နော် . .
နောက်နေ့ကျရင် Part - II ကို တင်ပေးပါ့မယ် . . ပုံပြင်လေးကို ဖတ်တဲ့အခါ အင်္ဂလိပ်လိုလေးပါ သေချာဖတ်ကြည့်စေချင်တယ် . . သူ့ရဲ့ဝါကျလေးတွေက ရိုးရိုးရှင်းရှင်းလေးတွေပါ .. ဖတ်တဲ့အခါမှာ ဖြစ်နိုင်ရင် အသံပါထုတ်ပြီး ဖတ်ကြည့်ပါ . . ဒါကလည်း practice လုပ်နည်းလေးတစ်မျိုးမို့လို့ပါ . .
ကဲ . . မသိသေးတဲ့ မောင်ငယ်ညီမငယ်လေးတွေနဲ့ သူငယ်ချင်းတွေကို နည်းနည်းရှင်းပြပေးမယ်နော် . .
ဒီပုံပြင်လေးမှာပါတဲ့ Timun Mas ကို တီမန် မတ်စ် လို့အသံထွက်ပါတယ်၊
diligent (ဒိလိဂျန့်) = လုံ့လ၀ီရိယရှိသော၊ ကြိုးစားသော
work hard = အလုပ်ကြိုးစားသည်
paddy field = လယ်ကွက် ၊ လယ်
pray = ဆုတောင်းသည်
giant = ဘီလူး
the risk of (something) = . . . အန္တရာယ်
the risk of losing the child = ကလေးကိုဆုံးရှုံးရမယ့် အန္တရာယ်a bunch of cucumber seeds= သခွားစေ့ အများကြီး
a bunch of money = ငွေပုံကြီး
plant = စိုက်ပျိုးသည်
နည်းနည်းခက်မယ်ထင်တဲ့ စာလုံးတွေရဲ့အဓိပ္ပါယ်တွေကို ဖော်ပြပေးလိုက်တယ်နော် . .
အားလုံး အခက်အခဲမရှိဘဲ လေ့လာတတ်မြောက်ကြပါစေလို့ ..................
One night, while they were praying, a giant passed their house. The giant heard their pray.
တစ်ညမှာတော့ သူတို့ဆုတောင်းနေတုန်း ဘီလူးကြီးတစ်ကောင် သူတို့အိမ်နားက
ဖြတ်သွားပြီး ဆုတောင်းသံကို ကြားသွားသတဲ့ကွယ် . . .
"Don't worry farmers. I can give you a child. But you have to give me that child when she is 17 years old," said the giant.
ကဲ ဘာမှစိတ်မပူကြနဲ့. . ကျွန်ုပ် အသင်တို့ကို ကလေးရအောင် လုပ်ပေးနိုင်တယ် . . ဒါပေမယ့် အဲ့ဒီကလေး အသက် 17 နှစ်ပြည့်ရင်တော့ ကျွန်ုပ်ကို ပြန်ပေးရမယ် . . လို့ ဘီလူးကြီးက ပြောသတဲ့ . .

လယ်သမားလင်မယားနှစ်ယောက်လည်း အတိုင်းထက်အလွန်ပျော်ရွှင်သွားကြတာပေါ့ ..
အဲ့လိုနဲ့ပဲ သူတို့တတွေဟာ နောက်ပိုင်းမှာ ကလေးစွန့်လွှတ်လိုက်ရမှာကို မတွေးမိကြဘဲ ကမ်းလှမ်းချက်ကို လက်ခံလိုက်ကြတယ်. . အဲ့ဒီနောက်မှာတော့ ဘီလူးကြီးက သခွားစေ့လေးတွေ ပေးလိုက်သတဲ့ . . လယ်သမားလင်မယားနှစ်ယောက်လည်း သေချာ ဂရုတစိုက်နဲ့ စိုက်ပျိုးကြတာပေါ့ . . နောက်တော့ အစေ့လေးတွေကနေ အပင်လေးတွေဖြစ်လာကြတယ် . .
(credited by subootalk)
ကဲ . . ပုံပြင်လေးကိုတော့ ဒီမှာခဏရပ်လိုက်ကြရအောင်နော် . .
နောက်နေ့ကျရင် Part - II ကို တင်ပေးပါ့မယ် . . ပုံပြင်လေးကို ဖတ်တဲ့အခါ အင်္ဂလိပ်လိုလေးပါ သေချာဖတ်ကြည့်စေချင်တယ် . . သူ့ရဲ့ဝါကျလေးတွေက ရိုးရိုးရှင်းရှင်းလေးတွေပါ .. ဖတ်တဲ့အခါမှာ ဖြစ်နိုင်ရင် အသံပါထုတ်ပြီး ဖတ်ကြည့်ပါ . . ဒါကလည်း practice လုပ်နည်းလေးတစ်မျိုးမို့လို့ပါ . .
ကဲ . . မသိသေးတဲ့ မောင်ငယ်ညီမငယ်လေးတွေနဲ့ သူငယ်ချင်းတွေကို နည်းနည်းရှင်းပြပေးမယ်နော် . .
ဒီပုံပြင်လေးမှာပါတဲ့ Timun Mas ကို တီမန် မတ်စ် လို့အသံထွက်ပါတယ်၊
diligent (ဒိလိဂျန့်) = လုံ့လ၀ီရိယရှိသော၊ ကြိုးစားသော
work hard = အလုပ်ကြိုးစားသည်
paddy field = လယ်ကွက် ၊ လယ်
pray = ဆုတောင်းသည်
giant = ဘီလူး
the risk of (something) = . . . အန္တရာယ်
the risk of losing the child = ကလေးကိုဆုံးရှုံးရမယ့် အန္တရာယ်a bunch of cucumber seeds= သခွားစေ့ အများကြီး
a bunch of money = ငွေပုံကြီး
plant = စိုက်ပျိုးသည်
နည်းနည်းခက်မယ်ထင်တဲ့ စာလုံးတွေရဲ့အဓိပ္ပါယ်တွေကို ဖော်ပြပေးလိုက်တယ်နော် . .
အားလုံး အခက်အခဲမရှိဘဲ လေ့လာတတ်မြောက်ကြပါစေလို့ ..................
မှ ကူးယူမျှဝေပါသည်။
No comments:
Post a Comment