သနားပါတယ်။ တကယ်ကိုသေးသေးလေး။ ဒူးခေါင်းလေးတွေ တံတောင်လေးတွေပဲ တွေ့ရတယ်။ ကျန်တာ အရိုးလေးတွေပဲ။ နံရိုးလေးတွေဆို အမြှောင်းလိုက်မြင်နေရတယ်။ နန်းသမီးလေးကားပေါ်ကဆင်းလာတဲ့အချိန်ဆို မျော့မျာ့လေးရယ်။ သမီးလေး နန်းဆီရောက်လာလို့ ဝမ်းသာနေတာတွေက သမီးလေးကိုမြင်လိုက်ရတော့ နှလုံးသားတွေ ဗြောင်းဆန်ကုန်တာပဲ။ ချက်ချင်းပဲ ဓါတ်ဆားရေဖျော်တိုက်ရတယ်။
ထူထူထောင်ထောင်လေးဖြစ်အောင် မနဲပြုစုရအုံးမယ်။ နန်းလက်ထဲမှာနေတော့ နန်းစိတ်တိုင်းကျပြုစုနိုင်ပါပြီ။ အချိန်မှန်ရေချိုး၊ အစားအသောက်မှန်မှန်ကျွေး၊ အချိန်မှန်မှန်အိပ်ခိုင်းရမယ်။ မိခင်တစ်ယောက်ရဲ့ရင်ထဲက သားသမီးအတွက် မေတ္တာတရားတွေကို စာနဲ့ရေးပြလို့ မတတ်တာလဲ မကောင်းဘူး။ သမီးလေးအတွက် ဘယ်လို ဘယ်ညာဆိုတာလေးတွေ အမှတ်တရဖြစ်အောင် ရေးထားချင်ပေမဲ့။ မရေးတတ်ဘူး။ ခက်တာပဲနော်။ နန်းဘဝက သမီးလေးပါပဲ။
သူလေးအတွက် နန်း အများကြီး အသက်ရှင်ရအုံးမယ်။ မသန်မစွမ်းလေးမို့လား။ သနားပြီးတော့ အချစ်ပိုရတယ်။ မိခင်ဆိုတော့လဲ အကြောင်းပြချက်တွေအမျိုးမျိုးနဲ့ ချစ်တာပဲ။ ဆိုးတဲ့သားသမီးကိုလဲ ဆိုးလို့။ စိတ်ပူပြီးချစ်ရတယ်။ လိမ်မာတဲ့သားသမီးကိုလဲ လိမ်မာသိတတ်လွန်းလို့ ပိုချစ်ရတယ်။ ဒီလိုပဲပေါ့။
နန်းလဲ မိခင်တွေထဲက မိခင်တစ်ယောက်ပဲလေ။ သမီးလေးကို ချစ်တာပေါ့။ ပြောပြလို့မတတ်အောင်ကိုချစ်တာ။ သမီးလေး နန်းဆီကိုရောက်လာတဲ့အချိန်က နန်းတို့မိသားစုလေး အေးအေးချမ်းချမ်းပါပဲ။ မှတ်မှတ်ရရဖြစ်စရာ ထူးထူးခြားခြားတော့မရှိပါဘူး။ သမီးလေးဓါတ်ပုံလေး တင်ထားရအုံးမယ်။ ရောက်ခါစ ပိန်ပိန်ညောင်ညောင်လေးကို။ ခိခိ။
သမီးလေး ဒိန်ချဉ်စားနေတုန်း ရိုက်ထားတဲ့ပုံပါ။ ရောက်ခါစ ပိန်ပိန်ညှောင်ညှောင်လေးပေါ့။ ညဖက်ဖုန်းနဲ့ ရိုက်ထားတာဆိုတော့ သိပ်တော့ မကောင်းလှဘူး။
ဒါက စိန်ကုလားသွေးဆေးနဲ့ သကြားနဲ့ နန်းစားနေတာကို မြင်သွားပြီး မစားရလို့ ဂျီတိုက်တာနဲ့ နည်းနည်း ထည့်ကျွေးထားတာ။ အဲ့လိုစားတာလေ။ ပေပွနေတာပဲ။ :))
No comments:
Post a Comment