သမီးလေးနာမည်က ရှင်မင်းသန့်ပါ။ သမီးလေး ထိုင်းနိုင်ငံကိုရောက်ကာစ က ပိန်ပိန်သေးသေးလေးပါ။ ခုလဲ ပြည့်မလာသေးပါဘူး။ ပါးလေးတွေတော့ နဲနဲဖောင်းလာပြီလေ။ သမီးလေးက ကိုယ်တိုင်ထပြီး မထိုင်နိုင်ပါဘူး။ လူကြီးက မ ပြီးထိုင်ပေးမှ ထိုင်နိုင်ပါတယ်။ ခုဆို အစားတွေအများကြီးစားပြီး ဗိုက်ကလေးတွေလဲ လုံးလုံးလေးဖြစ်လာပါပြီ။ ခက်တာက သူ့ကို ထိုင်ပေးပြီး မုန့်ပေးထားရင် ထိုင်စား နေတယ်။ လှုပ်ရှားမှုမရှိတော့ အထူးသဖြင့် အောက်ပိုင်းတွေ မလှုပ်ရှားတော့ ခြေထောက်လေး တွေက လှီနေသလိုပဲ အောက်ပိုင်းသေးနေသလိုဖြစ်ရတာပေါ့။ ဒါနဲ့ နေ့လယ်ခင်းတွေဆိုမတ်တပ်ရပ်ပေးဖို့ ခြေထောက်လေးတွေ လှုပ်ရှားခိုင်းဖို့ ညီမလေးကိုမှာခဲ့ရတယ်။ အိမ်မှာ ညီမလေးနဲ့ သမီးနဲ့ ၂ ယောက် ပဲကျန်ခဲ့တယ်လေ။
သမီးလေးက အရင်ကဆို သူစားနေတဲ့မုန့်ကို ဘယ်သူတောင်းတောင်း ကျွေးတတ်တယ်။ ပါးစပ်ဟပေးရင် ပါ့စပ်ထဲထိ ခွံ့ကျွေးတတ်တယ်။ သူကျွေးတဲ့မုန့်ကို ကိုက်စားလိုက်ရင်လဲ သူက ပြုံးလို့ရီလို့ စေတနာကောင်း တယ်။ ခုတော့ အဲ့လိုမဟုတ်တော့ဘူး။ သူမုန့်တောင်းစားရင် မကျွေးချင်တော့ဘူး။ မုန့်ပန်းကန်ထဲက ယူစားရင် စိတ်ဆိုးတတ်လာတယ်။ အရွယ်ရောက်လာတာနဲ့ လောဘ ဒေါသ မောဟတွေ ဖုံးလွှမ်းလာ တယ်။ မုန့်ပန်းကန်ထဲက ယူစားတဲ့လက်ကိုလဲ ပြန်ရိုက်တတ်လာတယ်။ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်း မေတ္တာနဲ့ကြည့်ရင်တော့ သမီးလေးက တုံ့ပြန်တတ်လာပြီပေါ့။ မသန်မစွမ်းတဲ့ကလေးလေးက လှုပ်ရှားမှုတွေ ဟန်ချက်ညီလာတယ်လေ။ ဝမ်းသာစရာ ကျေနပ်အားရစရာပါ။ တကယ်လဲ ဝမ်းသာ အားရဖြစ်မိတယ်လေ။ အကြောတွေမသန်တဲ့ကလေးလေးက လှုပ်ရှားမှုတွေ ဟန်ချက်ညီဖို့ သူ့ခမျာ မနဲကြိုးစားရရှာတာတွေမြင် ရရင် တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ မျက်ရည်ဝဲရတာလဲ အကြိမ်ကြိမ်ပါ။ ခုလို လှုပ်ရှားနိုင်လာ တော့လဲ ဝမ်းသာလို့ မျက်ရည်ဝဲရတာပါပဲ။ တဖက်က အမြင် တစ်မျိုးနဲ့မြင်ကြည့်တာပါ။ လူတွေဟာ အရွယ်ရောက်လို့ သိတတ်နားလည်လာတာနဲ့ အမျှ လောဘ ဒေါသ မောဟ လေးတွေ ဝင် ဝင်လာတယ်လို့။
No comments:
Post a Comment