Wednesday, July 9, 2014

နန်းရွှေမှုံနှင့် ဥပုသ်။

     အသက်ကလေးရလာတော့ ဘာသာရေးလေးတွေ စိတ်ဝင်စားလာတယ်။ မတတ်နိုင်တဲ့ကြားကပဲ လုပ်ချင်စိတ်ကလေးကလည်း တိုးတိုးထွက်လာပြန်တယ်။ အဲ့ဒါနဲ့ပဲ ကိုယ်ဖြစ်ချင်တာ၊ လုပ်ချင်တာကို နည်းစနစ်တကျ အဖြစ်ဆုံး လုပ်နိုင်ဖို့ အင်တာနက်စာမျက်နှာတွေဆီ ခြေဆန့်ကြည့်လိုက်တော့။ 

ဓမ္မရံသီစာမျက်နှာ မှာ ဥပုသ်သည်စစ်စစ်ဖြစ်ရေးဆိုတာသွားတွေ့တယ်။ ကိုယ်လည်း အဲ့လိုစောင့်ထိန်းနိုင် ရမယ်လို့ ကြိုတင်ပြင်ဆင်ထားရတယ်။ ပြီးတော့နောက်တစ်ခုက ခုမှစပြီးဥပုသ်သီလဆောက်တည်မှာ ဆိုတော့ အစီအစဉ်တကျလေးဖြစ်ချင်ပြန်တယ်။ အဲ့ဒါနဲ့ အရှင်နာယကာလင်္ကာရ ရဲ့ ဥပုသ်စောင့်ပုံအစီအစဉ်ဆိုတာလေးကို သေချာဖတ်ကြည့်ပြီး အစစအရာရာ စီစဉ်ထားရပြန်တာပေါ့။ 

တစ်သက်လုံးနဲ့ချီပြီးပြောရရင် ခုမှ စနစ်တကျနဲ့ ဥပုသ် စစောင့်မှာကိုး။ မလုပ်ရင်လဲ လုံးဝမလုပ်ချင်ဘူး။ လုပ်ပြီဆိုရင်လည်း စနစ်တကျနဲ့ အပီအပြင်လုပ်ချင် တယ်လေ။ ငယ်ကတည်းက ကိုးကွယ်လာတဲ့ဘာသာမဟုတ်လေတော့ မသိနားမလည်တာတွေက ခပ်များများရယ်ပါ။ 

ဗုဒ္ဓဘာသာကို စပြီး သက်ဝင်ယုံကြည့်တဲ့အချိန်မှ အသက်စရှင်တယ်လို့ တွက်မယ်ဆိုရင် သုံးနှစ်သမီးလေးပဲ ရှိသေးတယ် ငယ်သေးတယ်လို့ ပြောရမယ်ထင်တယ်နော်။ သေချာတာကတော့ အသက်တွေ မငယ်တော့ ဘူး။ မလုပ်နိုင်လို့မလုပ်ပဲနေမဲ့အစား မလုပ်နိုင်တဲ့ကြားက လုပ်နိုင်သမျှ ကြိုးစားလုပ်ရမယ်။ 

မလုပ်နိုင်လို့ မလုပ်ပဲနေရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။ မလုပ်ပဲနေတာထက်တော့ နဲနဲလုပ်ရင် နဲနဲတော့ရမှာပေါ့။ အကျိုးမျှော်ကိုးပြီးလုပ်တာတော့မဟုတ်ပါဘူး။ ကိုယ့်နောက်ပါမဲ့ ရိက္ခာထုတ်ကို ကိုယ်တိုင်ပဲ စုဆောင်း ရမှာပေါ့။ အလင်းရောင်လာတာနဲ့ အမှောင်ပျောက်သွားတာပဲလေ။ အမှောင်ပျောက်အောင်လုပ်ပြီးမှ အလင်းရောင်ဝင်လာအောင် လုပ်ရတာမှမဟုတ်တာပဲ။ 

ကုသိုလ်တရားတွေ ပွားများဖို့ ကြိုးစားနေရင်း စီစဉ်နေရင်းနဲ့ပဲ အကုသိုလ်တရားတွေ လျှော့ပါးသွားမှာပါ။ အလင်းရောင်နဲနဲလေးဝင်လာရင် အမှောင်ထု နဲနဲလေးလျှော့သွားမှာပါ။ အလင်းရောင်များများဝင်လာရင် တော့ အမှောင်ထုများများလျှော့သွားမှာပေါ့။ 

ဓမ္မရံသီစာမျက်နှာက ဥပုသ်သည်စစ်စစ်ဖြစ်ရေးဆိုတာက

ရှစ်ပါးသီလ (ဥပုသ်) ခံယူဆောက်တည်ရာ၌ ညနေ နေ၀င်သည်အထိသာ၊ ကျောင်းတွင်းရှိနေစဉ်သာဟု အဓိဋ္ဌာန်ပြု၍ ခံယူဆောက်တည်လျှင် ညစာ ထမင်းစားလို့ ရသည်ဟု ဆိုပါသည်၊ ဟုတ်ပါသလား။
ဥပုသ်စောင့်ပြီး လက်ဖက်ရည်ကြမ်းသောက်၊ ထန်းလျက်၊ ကြံသကာ၊ ညဂျင်းသုပ် စားရသည်၊ ဘိလပ်ရည်၊ ရှလပတ်ရည် သောက်ရသည် ဆိုသည်မှာ ဟုတ်ပါသလား၊ သိလိုပါသည်ဘုရား။
( သိလိုသူများ-ရန်ကုန် )


( ဖြေ )
ဤပြဿနာနှင့် ပတ်သက်၍ မေးလာကြသူ အလွန်များပါသည်၊ မေးပင် မမေးထိုက်ဟု ဆိုချင်ပါသည်၊
ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် သူတော်စင်တို့သည် မိမိတို့၏ နိစ္စသီလ ငါးပါးမျှကို အားမရနိုင်သဖြင့် နေ့စဉ်မဟုတ် တပတ်မှ တနေ့၊ ဥပုသ်နေ့တွင် အရိယာပုဂ္ဂိုလ်များနှင့် တူတန်နိုင်သမျှ တူတန်ရန် အထူးကျင့်သုံးဆောက်တည်မှု (ရှစ်ပါးသီလမျှ) ကို ဆောက်တည်ကြခြင်း ဖြစ်ရာ ဤတပတ် တနေ့မျှ ဥပုသ်သီလကလေးကို အနည်းငယ်မျှ ကျိုးပေါက် ပြောက်ကျားမှု မဖြစ်ရေး၊ ရိပွန်း ညှိုးရော်မှု မရှိရေးအတွက် အထူးစောင့်ရှောက်ရန် လိုအပ်ပါသည်။

သီလကို အညှိုးမခံ၊ အသက်ကိုသာ အသေခံသွားသော နေ့တ၀က် ဥပုသ်ရှင် အနာထပိဏ် သူဋ္ဌေး၏ လုပ်သား လယ်သမားကဲ့သို့၎င်း၊ လက်၌ ဓားလက်နက်ရှိလျက် မိမိအား ရစ်ပတ် ပေါက်သတ်မည့် မြွေကို မခုတ်ဘဲ ဓားကို အဝေးသို့ လွင့်ပစ်သော လယ်သမားကဲ့သို့၎င်း၊ ဥပုသ်သီလကို အညှိုးအပျက်မခံ၊ အသက်သာ အသေခံမည်ဟူသော စိတ်ထားရှိဖို့ လိုအပ်ပါသည်၊

ဥပုသ်သီလ ခံယူပြီး သီလမပျက်ပါဘူး-ဆိုကာ လက်ဖက်ရည် ထန်းလျက် ကြံသကာ စသည် စားသောက်မှုကို မပြုဘဲ၊ ဥပုသ်နေ့ မွန်းလွဲချိန်မှ နောက်နေ့ အရုဏ်တက်အထိ မိမိပါးစပ်တွင်း၌ သောက်ရေမှတပါး မည်သည့်အရည် အဖတ်မှ မ၀င်စေဘဲ စောင့်ရှောက်နိုင်မှသာ တကယ့်ဗုဒ္ဓဘာသာ ဥပုသ်သည် အစစ် ဖြစ်နိုင်မည်ဖြစ်ကြောင်း မှတ်သားထားစေလိုပါသည်။
အရှင် နာယကာလင်္ကာရ ရဲ့ ဥပုသ်စောင့်ပုံအစီအစဉ်ဆိုတာကနန်းတို့လို ဘာမှမသိနားမလည်သေးတဲ့ သူတွေအတွက်တော့ အစီအစဉ်တကျရှိလှတယ်။

ဥပုသ်စောင့်ပုံ အစီအစဉ် by အရှင်နာယကာလင်္ကာရ 

ဥပုသ်စောင့်ပုံ အစီအစဉ်

ဥပုသ် စောင့်ပုံ

ဥပုသ် ဟူသောစကားသည် ဥပေါသထ ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကားတည်း။ ဥပ+ ၀သထ- ဟုပုဒ်ခွဲ၊ ဥပ- ညစာ မစားခြင်း၊ ၀သထ- နေခြင်း၊ ညစားမစား ခြင်း၊ သူ့ အသက်မသတ်ခြင်း၊ စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည် ၍ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ (ဘာဝနာ) ပွါးလျက် အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ်စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို ဥပုသ်စောင့် ဟုခေါ်သည်။


(ဆောင်ပုဒ်) မိမိ စိတ်မှာ စင်ကြယ်လာအောင် အင်္ဂါရှစ်တန် သီလခံ၍ ခြိုးခြံ အောင့်အည်း တဖြောင့်တည်းဖြင့်၊ စောင့်စည်း အားထုတ် တရားကုတ် ဥပုသ်စောင့် ဟုမှတ်။

၁။ နက်ဖြန် ဥပုသ်စောင့်မည်ဟု ကြံစည်သော သူတော်စင်သည် ဥပုသ်စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စတွေကို ဆောင်ရွက်ခြင်းငှာ မလျော်သောကြောင့် ယနေ့ လိုအခါကပင် အိမ်မှုကိစ္စ များကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။

၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှက် နက်ဖြန် မိမိစားဖို့ အတွက် ပြောပြ စီစဉ် ထားရာ၏။ (ဥပုသ်စောင့်ခိုက် ခါတိုင်းထက် ကောင်းကောင်း စားဖို့ ကား မစီမံသင့်)

၃။ ချက်ပြုတ် ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန် ကိစ္စနည်းအောင် ပြီးစီကောင်းသော စားဖွယ် သောက်ဖွယ်များကို ပြီးစီးစေအောင် စီမံထားရာ၏။

၎။ နက်ဖြန် နံနက် အာရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင် ပြု၍ စိတ်ကြည်လင်ရုံမျှ သန့် ရှင်သော အ၀တ်ကို ၀တ်ဆင်ရာ၏။

၅။ ပန်းပန်မှု နံ့ သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။

၆။ ထို့ နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏၊ (သီလဆောက်တည်သောအခါ ပါဠိလို နားမလည်လျှင် မြန်မာလို ဆောက်တည်နိုင်ပါသည်၊ ရှစ်ပါးသီလ နှုတ်တက်မရလျှင် ကား ဘုရားပညတ်တော်မူအပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ ဟုနှုတ်က မိမိဘာသာ ဆို၍လည်း ဆောက်တည်နိုင်၏)။

၇။ သီလဆောက်တည်ပြီးလျှင် ကျွေးမွေး လှူဒါန်းဖွယ်ရာ ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍ မရှိက မိမိအတွက် သင့်တော်ရုံ စီမံ၍ စားသောက်ရာ၏။ (တစ်ထပ်သာမက ညစာမစားဘဲ နေနိုင် လောက်အောင်ပင် စားသောက်ခွင့်ရှိ၏)။

၈။ ကျွေးမွေး စားသောက်ပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏၊ (ကိုယ်စင်ကြယ်မှ စိတ်ကြည်လင်၊ စိတ်ကြည်လင်မှ တရားကို အာရုံပြု၍ ကောင်းသည်)။

၉။ ထို့ နောက် မိမိတစ်ယောက်တည်း နေသင့်သူဖြစ်လျှင် တစ်ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူ အဖော်နှင့်တကွ သင့်တော်သော ဆိတ်ငြိမ်ရာ ဌာန၌ ဗြဟ္မာဥပုသ်ကို စောင့်လိုလျှင် ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏)။

၁၀။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှု့ ရွတ်ဖတ်နေရာ၏၊ (ထိုင်၍ခြည်း နေရမည်ဟု မဆိုလို၊ လှဲကာ စင်္ကြံသွားကာ အမျိုးမျိုးမျှတ အောင်နေစေလို၏)။

၁၁။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ် ရှိလျှင် တရားနာရာ၏။

၁၂။ ညဥ့်အချိန်သို့ ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာ သူတော်ကောင်း ရဟန္တာ အပေါင်းနှင့် ယနေ့ အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။

အောက်မေ့ပုံ

ရဟန္တာ အရှင်မြတ်တို့ သည် သူ့ အသက်ကို သတ်ခြင်း၊ သူ့ ဥစ္စာခိုးခြင်း၊ လောကီအာရုံ ကာမဂုဏ်တို့ မှ ရှောင်ကြဉ်၍ ညစာ စားမှု့ ၊ ပန်းနံ့ သာစသည် လိမ်းကျံမှုများကို မပြုသကဲ့သို့  ငါသည်လည်း ယနေ့ အဖို့ ထိုအမှု အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့် ရဟန္တာအရှင်မြတ်များနှင့် တူပေသည်တကား၊ ဟု မိမိကိုယ် အလွန်မြှောက်တင်ကာ ရဟန္တာယောင်္ကျား ရဟန္တာမိန်းမ စိတ်ကို ဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည်ဟု ဆင်ခြင်ရာ၏။

၁၄။ နံနက် အာရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့သော အခါ အလိုအလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်တော့သည်။ ( ယခုကာလ အချို့ အရပ်မှာလို ငါးပါးသီလ ယူကာ ဥပုသ်ချနေဖွယ် မလိုပါ)။ဤကားဥပုသ်စောင့်ပုံအစီအစဉ်တည်း။
Posted by အရှင်နာယကာလင်္ကာရ 6/21/2008 08:12:00 PM
Uposatha sila (ဥပုသ်စောင့်ပုံ အစီအစဉ် ) by Ashin Nayakalankara (အရှင်နာယကာလင်္ကာရ) 




အဟံ ဘန္တေ  တိသရဏေန သဟ န၀င်္ဂသမန္နာဂတံ ဥပေါသထ သီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။ (ဒုတိယမ္ပိ၊ တတိယမ္ပိ)

ယမဟံ ၀ဒါမိ တံ ၀ဒေထ။
 အာမ ဘန္တေ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသဗ္မုဒ္ဓဿ ( သုံးကြိမ်)

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊ (ဒုတိယမ္ပိ၊ တတိယမ္ပိ)

သရဏ ဂမနံ ပရိပုဏ္ဏံ ။ 
အာမ ဘေႏၱ

*ပါဏာတိပါတာ ေ၀ရမဏိ သိကၡာပဒံ သမာဓိယာမိ၊
 သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။


*အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
 သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။


*အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏၊


*မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏၊


*သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
  သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။


*၀ိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏၊


*နစ္စ ဂီတ ၀ါဒိတ ၀ိသုက ဒဿန မာလာဂန္ဒ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
 ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်း ပွဲလမ်းသဘင်ကြည့်ရှုခြင်း ပန်နံသာ နံသာပြောင်းကို လိမ်းကျံခြင်း မှ ရှောင်ကြဉ်ပါ၏


*ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 မြင့်သောနေရာ မြတ်သောနေရာ၌ ထိုင်ခြင်း နေခြင်းမှ ရှောင်ကြဉ်ပါ၏။


*မေတ္တာ သဟဂတေန စေတသာ သဗ္ဗပါဏ ဘူတေသု ဖရိတွာ ၀ိဟရာမိ၊
 မေတ္တာစိတ်ဖြင့် သတ္တ၀ါအားလုံးတို့ အပေါ်ဖြန့်၍ နေပါမည်။

တိသရဏေန သဟ န၀င်္ဂသမန္နာဂတံ ဥပေါသထ သီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ
အာမ ဘန္တေ

ဝါတွင်းကာလပါတ်လုံး ဥပုသ် သီလစင်ကြယ်စွာ ဆောက်တည်နိုင်ရပါစေသား။

No comments:

Post a Comment