ကိုယ်တိုင်လုပ်တဲ့ ဖိတ်စာ။ (တအားခက်လွန်းတယ်ဆိုတော့ :P)
အသက်သုံးဆယ်ကျော်မှ
ဘဝမှာ ပထမဦးဆုံး အလှူလုပ်ခြင်းပါ။ အလှူလုပ်ခြင်းဆိုတာထက် ဆွမ်းကပ်ခြင်းဆိုရင်ပိုမှန်ပါတယ်။
ရဟန်းသံဃာတော်တွေကို အိမ်မှာပင့်ပြီး တခါမှ ကိုယ်တိုင်ကိုယ်ကျ ဆွမ်းမကပ်ဖူးဘူး။ မာမီ့မောင်
ဦးဇင်း၊ ဦးဇင်းရဲ့ကျောင်းထိုင်ဆရာတော်နဲ့ ဆရာတော်ရဲ့ဒကာမရင်းဖြစ်တဲ့ မာမီ့ညီမနှစ်ယောက်တို့
ထိုင်းနိုင်ငံကို ဘုရားဖူးလာကြမယ်ဆိုတော့ ဘုန်းဘုန်းကို အိမ်မှာပင့်ပြီး ဆွမ်းကပ်ချင်ပါတယ်လို့
လျှောက်လိုက်တယ်။ နောက်ပိုင်း ဘုန်းဘုန်းနဲ့ စကားမပြောဖြစ်တော့ပဲ ဘုန်းဘုန်းဒကာမရင်းဖြစ်တဲ့
မာမီ့ညီမ အဒေါ်နဲ့ပဲ ပြောဖြစ်တော့ “အန်တီလေးတို့က ကုမ္ပဏီနဲ့လာမှာမို့ သမီးတို့ဆီကို
လာဖြစ်မယ် မလာဖြစ်ဘူး မသေချာဘူး၊ ဝတ္ထုငွေကပ်လဲ ရတာပဲ” လို့ပဲပြောတယ်။ အဲ့ဒါနဲ့ ဘုန်းဘုန်းတို့
အိမ်ကိုမကြွဖြစ်ရင်လဲ ဘုန်းဘုန်းတို့ တည်းတဲ့ နေရာထိ သွားပြီး ဝတ္ထုငွေပဲ ကပ်မယ်ပေါ့
စဉ်းစားထားတာ။
အင်္ဂါနေ့ညကျမှ ညီမအလတ်က
ဖေ့ဘုတ်ကနေလှမ်းပြောတယ်။ “မကြီး ဘုန်းဘုန်းက (၁) ရက်နေ့ အားတယ်တဲ့ တရားဟောပေးမယ်။ တရားပွဲလုပ်ဖို့
လွယ်လားတဲ့။” “မကြီးအတွက်လဲ ဘာတွေညာတွေ ထည့်ပေးလိုက်တယ် အန်တီလေးတို့နဲ့” ဆိုမှ “အယ်။
ငါက ဘုန်းဘုန်းတွေရှိတဲ့ဆီပဲ သွားတွေ့တော့မလို့ ဦးဇင်းတစ်ပါးကို ဘတ်တစ်ထောင်စီပဲ ဝတ္ထုငွေကပ်တော့မလို့
စဉ်းစား ထားတာ” “သူများနိုင်ငံမှာ တရားပွဲတစ်ပွဲလုပ်ဖို့ မြန်မာပြည်မှာထက်တော့လွယ်ပေမဲ့
အဲ့လောက်မလွယ်ဘူး။ ရက်ကလဲ (၄) ရက်ပဲရှိ တော့တာဘယ်လိုလုပ်အချိန်ရတော့မှာလဲ။” “ပြီးတော့
အလုပ်ကလဲ လုပ်ရသေးတယ်။ မနက်ပိုင်းအလုပ်မသွားခင်နဲ့ ညနေ အလုပ်ဆင်း တဲ့အချိန်ပဲ စီစဉ်ဖို့
အချိန်ရှိတာ” “ အန်တီလေးကလဲ ဖေ့ဘုတ်မှာ ဒီလောက်စကားပြောနေတာကို တစ်ခွန်းမှ ကြိုတင်မပြောဘူး။
ဒီကို ဘုရားဖူးလာမယ်ဆိုတာ ဒီဇင်ဘာကတည်းက စီစဉ်နေတာပဲကို အန်တီလေးဆီ ဖုန်းဆက်မေးပေးအုံး
သေချာလားဆိုတာ” ဆိုတော့မှ ခဏနေ ရွှေအဒေါ်က ဖုန်းဆက်လာတယ်။
“သမီးတရားပွဲလုပ်ဖို့ စီစဉ်လိုက် မတည်ငွေတွေဘာတွေမလိုဘူး အလှူငွေတွေရခဲ့ရင်လဲ အဲ့ဒီက
မြန်မာအဖွဲ့အစည်းလေးတွေကို ပြန်လှူခဲ့မှာ” တဲ့။
“ စောစောကပြောလိုက်ပါတော့
အန်တီလေးရယ် လွန်ခဲ့တဲ့ (၇) ရက်လောက်ကသာ ကြိုတင်သိခဲ့ရင် အစစအရာရာ ကောင်းကောင်းစီစဉ်ဖို့
အချိန်ကောင်းကောင်းရတာပေါ့။(၁၀) ရက်လောက်နဲ့ တရားပွဲတစ်ပွဲဖြစ်အောင် သမီးစီစဉ်နိုင်ပါတယ်။
ခုတော့ (၄)ရက်ပဲ အချိန်ရတော့တယ်။” လို့ စိတ်ထဲကနေပဲ ပြောလိုက်ပါတယ်။ ဘုန်းဘုန်းကို
ဆွမ်းကပ်ချင်တာ။ ဘုန်းဘုန်းကြွလာတုန်း တရားပွဲလေး ဖြစ်စေချင်တာ ဘုန်းဘုန်းတို့ ကြွလာမယ်လို့
စသိကတည်းကပါ။ အဲ့လိုလုပ်ချင်လို့လဲ အန်တီလေးကို ဒီလောက်မေးနေတာ။ ခွင့်တောင်းနေတာပေါ့။
ခုတော့ အနားကပ်မှ ဒါတောင် အန်တီလေး ကိုယ်တိုင်ပြောတာမဟုတ်ဘူး။ ညီမပြောပြလို့သိတာ။ သူသာမပြောရင်
ဘယ်လောက်တောင် ကသီလင်တ နိုင်လိုက်မလဲ။ ကြိုတင်သာပြောခဲ့ရင်
ဒီ့ထက်ပိုပြီး ကောင်း ကောင်း မွန်မွန်စီစဉ်နိုင်တယ်လို့လဲ စိတ်ထဲမှာ မချဥ့်မရဲဖြစ်တာပေါ့။
ကြိုတင်မပြောပဲ မေးတော့မှ ဒီလိုလုပ်လိုက် ဒီလိုလုပ်လိုက်ဆိုတော့ နဲနဲတော့ တင်းတာအမှန်ပါ။
တနင်္ဂနွေနေ့ တရားပွဲလုပ်မှာကို အင်္ဂါနေ့ညမိုးချုပ်မှ သိရတဲ့အဖြစ်လေ။
အလှူလုပ်ရတာ တရားနာရတာကိုပဲ
စိတ်ထဲမှာ တော်တော်ကျေနပ်ပီတိဖြစ်ရတာလဲ တစ်ဖက်ပေါ့လေ။ အခက်အခဲတွေကလဲ အများကြီးပါ။ အထူးသဖြင့်
ဘာသာစကားအခက်အခဲနဲ့ နေရာအခက်အခဲပေါ့။ အလုပ်နဲ့နီးတဲ့နေရာ ဝင်ပေါက်တစ်ပေါက်ပဲပါတဲ့ ဂူလိုလို
တိုက်ခန်းကျဉ်းလေး ငှားနေတဲ့သူအဖို့ တရားပွဲတစ်ပွဲလုပ်ဖို့ နေရာဆိုတာ စဉ်းစားကြည့်ပေါ့လေ။
ထိုင်းဘုန်းတော်ကြီးကျောင်းက ဓမ္မာရုံမှာ လုပ်လိုဖြစ်ပေမဲ့ ဓမ္မာရုံကလဲ ပွဲဆက်က များများ၊
အားရက်က ရှားရှားရယ်။
နန်းရွှေမှုံရဲ့အခန်းက
သိတဲ့အတိုင်း ပစ္စည်းတွေ တိုလီမုစတွေကလဲ ခပ်များများရယ်။ ကလေးနဲ့ဆိုတော့ပိုဆိုး။ သူ့ကစားစရာတွေပဲ
မနည်း။ အကုန်ကောက်သိမ်းပြီး ဘေးအခန်းမှာသွားပို့ ကိုယ့်အခန်းကိုယ် အပြောင်ရှင်းလိုက်တော့
လူ (၂၀ - ၃၀) လောက်တော့ ချောင်ချောင်ချိချိ တရားနာလို့ရသွားတာပေါ့။ ပိုနေရင်လဲ အိမ်ရှေ့မှာ
ဖျာလေးတွေခင်းပေးမယ်ပေါ့။ စိတ်ကူးတာ စိတ်ကူးတာ…။ အခန်းရှေ့မှာပဲ ယာယီ ရွက်ဖျဉ်တဲလေးငှား
(၁၀ပေ×ပေ၂၀) တော့ရှိတာပေါ့။ ရွက်ဖျဉ်တဲထဲမှာ စာပွဲတွေခင်းပြီး ဧည့်သည်တွေကို မုန့်ဟင်းခါးလေး
ချက်ကျွေးမယ်ပေါ့။ အားချင်းစီစဉ်လိုက်တာ။ ဘေးအခန်းတွေကလဲ မြန်မာတွေမို့တော်သေးတာပေါ့။
မတော်တာက အသိမိတ်ဆွေတွေများလွန်းတဲ့ ကိုငြိမ်းချမ်းဦးနဲ့ မနန်းရွှေမှုံတို့ပါ။ တလေးတစားလေးဖြစ်အောင်
ဖိတ်စာလေးနဲ့ ဖိတ်လိုက်ကာမှ ဖိတ်စာတစ်ရာ မလောက်လို့ နောက်ထပ်တစ်ရာထပ်ထုတ်ရတယ်။ ဖိတ်စာက
လက်ဖြစ်မို့ပေါ့။ သူများဆီ သွားမှာရတာမျိုးဆို ဘယ်နယ့်လုပ်ကြပါ့…။
ဒါတောင် သမီးပါပါးတို့စက်ရုံက လူကြီးတွေကို မဖိတ်ဘူး။
ကိုယ့်စက်ရုံထဲက မန်နေဂျာနဲ့ လူကြီးတွေ ပါးစပ်နဲ့ပဲ ဖိတ်တာ (ထိုင်းတွေ မြန်မာစာမှမဖတ်တတ်တာ
ဒါကြောင့်ဖိတ်စာမပေးတော့တာ။) စက်ရုံကပေးထားတဲ့အဆောင်မှာနေတဲ့သူတွေ ငါးယောက်ကို တစ်စောင်နှုန်းဖိတ်တာ။
အစတုန်းက ဘုန်းဘုန်းနှစ်ပါးအတွက် အိမ်ထဲမှာဂွမ်းကပ်ခင်းပေး လူတွေလဲ ပန်ကာသုံးလေးလုံး
ဖွင့်ပေးပြီးအိမ်ထဲမှာပဲ တရားနာကြဖို့ စီစဉ်ထားတာ ခုတော့ အိမ်ရှေ့မှာ ထိုးထားတဲ့ ယာယီရွက်ဖျဉ်တဲနဲ့
မလောက်တော့လို့ နောက်တစ်တဲထပ်ထိုးပြီး အပြင်မှာတရားနာကြမယ်ဆိုတော့ နေရာမရှိတော့ဘူး။
လမ်းပေါ်ရောက်သွား ပြီလေ…။ လမ်းဆိုတာက အိမ်ပိုင်ရှင်သူဌေးရဲ့ အိမ်အဝင်လမ်း။ ကျန်တဲ့အချိန်
ရွက်ဖျဉ်တဲအောက်က ကားဖြတ်သွားလို့ရပေမဲ့ တရားနာနေတဲ့အချိန် ကားဝင်လာမှ ဒုက္ခ။ ပြီးတော့
အပြင်မှာတရားနာမယ်ဆိုရင် ဘုန်းဘုန်းအတွက် ပုလ္လင်တွေဘာတွေလိုလာပြီ။ ပန်းအိုးတွေဘာတွေ
ဝေဝေဆာဆာ လုပ်ရတော့မယ်။ ပုလ္လင်အနောက်မှာ လိုက်ကာတွေဘာတွေ ကာရတော့မယ်။ ဓမ္မစင်္ကြာ အဖွဲ့တွေ
ဖိတ်ရတော့မယ်။ ခုထိတော့ ဒီလောက်ပဲ ရှိသေးတယ်။ ဒါတောင် ဘုန်းဘုန်းတွေသွားပင့်ဖို့ကားက ခုထိမစီစဉ်ရသေးဘူး။ သံဃာနှစ်ပါးနဲ့ အဒေါ်နှစ်ယောက် သွားကြိုမဲ့သူနှစ်ယောက်။ အားလုံးပေါင်း ခြောက်ယောက် သွားကြိုတော့တစ်ခေါက် ပြန်ပို့တော့တစ်ခေါက်။ ဘန်ကောက်မြို့ထဲနဲ့ နန်းတို့နေတဲ့နေရာနဲ့ ကီလိုမီတာ (၅၀) လောက်တော့ ဝေးတယ်။ ကျန်တာတွေ ပွဲပြီးမှပဲ ဆက်ရေးတော့မယ်။
အလှူလုပ်ဖြစ်တာ ကောင်းတာပေါ့အမ၇ယ်။ ကုသိုလ်လုပ်၇င် ငွေအား လုပ်အားဆိုတာ သူ့ဘာသာပေါ်လာတတ်တယ်တဲ့။အဆင်ပြေမှာပါအမရေ။ အသူ သာဓုခေါ်တယ်နော် :)
ReplyDeleteအားပေးတာ ကျေးဇူးပါအသူရေ…။ ပထမဦးဆုံးအလှူဆိုတော့ အမှတ်တရပေါ့လေ…။
Delete