Saturday, July 25, 2015

"အသက် ၃၀ မှာ စတင်ထားရင် အသက် ၅၀ မှာ ပျော်ရွှင်ချမ်းမြေ့စေမယ့် အရာများ "


အသက် ၅၀ အရွယ်လူတွေကို ငယ်ငယ်တုန်းက ဘာလုပ်ခဲ့ရင်ကောင်းမှာပဲလို့ တွေးမိသလဲမေးခဲ့ပါတယ်။ သူတို့အဖြေတွေက သိပ်ကို ကောင်းမွန်ပြီး ရိုးရှင်းလှပါတယ်။ ကိုယ့်အသက ၃၀ တန်းကိုရောက်ပြီဆိုရင် ဒီအလုပ်တွေကိုလုပ်သင့်ပါပြီ။
၁. ဆေးလိပ်မသောက်နဲ့။ သောက်မိပြီဆိုရင် ဖြတ်ပစ်ပါ။ (ဆေးလိပ်မသောက်ပါဘူး။)
၂. အမြန်စာတွေကို မစားပါနဲ့တော့။ (အမြန်စာတွေလည်း မစားပါဘူး။)
၃. မိဘ၊ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံရေး ကောင်းမွန်ပါစေ။ (မိဘ၊ ညီအကိုမောင်နှမတွေနဲ့ ဆက်ဆံရေးလည်း ကောင်းမွန်ပါတယ်။)
၎. နေရောင်ကာဆေးမပါဘဲ နေပူထဲ မထွက်ပါနဲ့တော့။ (ဆန်းခရင်(မ်)တော့ တခါမှ မလိမ်းဖူးဘူး။)
၅. ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ (လေ့ကျင့်ခန်းလည်း ပုံမှန်မလုပ်ဖြစ်ပေမဲ့ လုပ်တော့လုပ်ပါတယ်။ ပိန်ချင်လို့လုပ်တာဟုတ်ဘူးနော် ဝချင်လို့လုပ်တာ။:P)
၆. ပိုကိဆံ စစုပါ။ ဘယ်လောက်နည်းနည်း စုဖြစ်အောင်စုပါ။ (ပိုက်ဆံလည်း စုနေပါပြီ။ အသက်သုံးဆယ်ကျော်လာပြီဆိုတော့ ကိုယ်ပိုင်အိမ်လေးနဲ့နေချင်ပြီလေ။ ကိုယ့်လုပ်အားခနဲ့ဝယ်တဲ့အိမ်လေးပေါ့။ သေးသေးလေးပဲဖြစ်ဖြစ်။း))
၇. ကိုယ့်မှာရှိတာနဲ့ ရောင့်ရဲတတ်ပါစေ။ (ဒါကိုတော့ သိပ်နားမလည်ဘူး။ ကိုယ်ပိုင်အိမ်ဝယ်ချင်နေတယ်ဆိုတော့အလုပ်တွေ တအားတွန်းလုပ်နေမိတယ်လေ။)
၈. ဘ၀ရဲ့ပန်းတိုင်တွေကို မျက်ချေပြတ်မခံဘဲ ဆက်ကြိုးစားပါ။ (ဒါလည်း အတတ်နိုင်ဆုံးဆိုတာထက်ပိုပြီး ကြိုးစားနေတယ်။ သားသမီးတွေအတွက်ရောပေါ့။)
၉. အချိန်မှန် အိပ်ရာဝင်၊ အိပ်ရာထပါ။ (အဲ့ဒါလည်း မမှန်သေးဘူး။ အိပ်မပျော်တဲ့ညတွေလည်း ရှိတတ်တယ်။)
၁၀. သွားတွေကို ဂရုစိုက်ပါ။ (အင်း ကျန်တဲ့သွားတွေကိုတော့ တော်တော်လေးဂရုစိုက်တယ်။)
၁၁. အရာဝထ္ထုတွေကို စုဆောင်းတာထက် အမှတ်ရစရာလေးတွေကို စုဆောင်းပါ။ (ဒါလည်း သူဆိုလိုချင်တာနဲ့ ကိုယ်နားလည်တာနဲ့ နဲနဲလွဲနေမယ်ထင်တယ်။)
၁၂. တစ်ခုခုကို ပြန်ပေးလှူတတ်ပါစေ။ (ခဏ ခဏတော့ ပေးတာလှူတာတွေလုပ်ဖြစ်တယ်။)
၁၃. မျက်စိရှင်ရှင်ထားပြီး လောကကြီးထဲက အသစ်အဆန်းတွေကို နေ့တိုင်းရှာဖွေပါ။ (ရှာတော့ ရှာဖွေနေတာပဲ။)
၁၄. တစ်နှစ်ကို စာအုပ် ၁၀ အုပိထကိမနည်းဖတ်ပါ။ (စာတွေဖတ်နိုင်အောင်တော့ ကြိုးစားတယ်။ တစ်နှစ်ကိုဘယ်နှအုပ်ရယ်လို့တော့ သတ်မှတ်မထားမိဘူး။)
၁၅. တတ်နိုင်သမျှ ခရီးသွားပါ။ (တစ်နှစ်တစ်ခေါက်တော့ ခရီးထွက်ဖြစ်ပါတယ်။)
၁၆. တရားထိုင်ကြည့်ပါ။ (တနင်္ဂနွေနေ့တိုင်း ကိုးပါးသီလယူ ဥပုသ်စောင့် တရားထိုင်ဖြစ်အောင်ကြိုးစားနေတယ်။)
၁၇. ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်ပါစေ။ (ကိုယ့်ဘဝကိုယ်တော့ ကျေနပ်တာပါပဲ။)
၁၈. မှတ်တမ်းတစ်စောင် အမြဲရေးပါ။ (မှတ်တမ်းလည်းရေးတယ်။)
၁၉. အိမ်ပိုင်ဆိုငိနိုင်အောင် ကြိုးစားပါ။ (အိမ်ပိုင်အောင်လည်းကြိုးစားနေတယ်။ ကိုယ်ပိုင်လုပ်ငန်းလေးတောင် ပါသေး။)
၂၀. သူငယ်ချင်းတွေကို ဂရုစိုက်ပါ။ (သူငယ်ချင်းတော့ များများမရှိဘူး။ ကိုယ့်ကို သိတဲ့သူတွေတော့ တော်တော်များတယ်။ ရောက်ရာအရပ်မှာ နှုတ်ဆက်ခံရတယ်။ တမျိုးတော့တမျိုးပဲ။)
သူပြောထားတာ အချက် ၂၀ ထဲပါ။ တကယ်တမ်းတော့ နောက်အနှစ် ၂၀ အတွက် ဆိုရင် လုပ်စရာတွေ အများကြီးရှိပါတယ်။ အဲ့ဒီအချက် ၂၀ ထဲမှာ ကိုယ်မလုပ်တာ ၂ ချက်ရှိတယ်။ သေချာမလုပ်တာလဲ ၂ ချက်၊ ၃ ချက်ရှိတယ်။ ဆိုတော့ ကျေနပ်စရာကြီးပေါ့နော် … :D  ကြိုးစားရမှာ ကိုယ့်တာဝန် ဖြစ်တာမဖြစ်တာ ကံတရား။ ဖြစ်သမျှအကြောင်း မကောင်း ကောင်းအောင်လုပ်။ ခုဘဝမဖြစ်ရင် နောက်ဘဝဖြစ်လိမ့်မယ် နော့်။ 
နှစ် ၅၀၊ နှစ် ၁၀၀ အထိ ကျန်းမာပျော်ရွှင်တဲ့ ဘ၀ကို သူငယ်ချင်းအားလုံး ပိုင်ဆိုင်နိုင်ကြပါစေ။
စုပြည့်စုံ
Credit : http://main.inlereader.com/feed/searchmyanmar

2 comments:

  1. ဆောင်ရွက်သင့်တာနဲ့ဆောင်ရွက်မှုလေးတွေဖတ်သွားပြီနန်းရေ...

    ReplyDelete
    Replies
    1. ဟုတ် တီတင့် သူရေးထားတာနဲ့ ကိုယ်လုပ်နေတာတွေ တိုက်ဆိုင်နေလို့ သဘောကျတာနဲ့ ကူးထားမိတာ။ ကိုယ်လို တိုက်ဆိုင်တဲ့သူရှိရင်လဲ သတိပြုနိုင်အောင်လို့ပါ။ ကျေးဇူးတီတင့် ....

      Delete