ဆင်ရုပ်ကြီးကို ဒီလို သုံးပတ် ပတ်ပြီး ဆုတောင်းရတယ်တဲ့။ သူတို့ပတ်နေတာတော့ ပျော်စရာပဲ။
ကားပေါ်မှာ ကိုယ့်ဟာကိုယ်ရိုက်ထားတဲ့ရုပ် အိပ်ရေးပျက်ရင် အဲ့လိုမျက်လုံးတွေ ဖောင်းအစ်နေတယ်။ နဂိုကတည်းက လူက မျက်အိတ်ကျတဲ့ရုပ်မျိုး အိပ်ရေးပျက်ပြီး မျက်လုံးတွေဖောင်းနေတော့ ပိုဆိုးး) မယ်သီလရှင် လူထွက်တာ ငါးလကျော်ပြီ ဆံပင်က အဲ့လောက်ပဲရှိသေးတယ်။ သူများတွေ တစ်နှစ်ကို တစ်ထွာလောက်ဆံပင်ရှည်တယ်တဲ့။ ဒီမှာ ငါးလကို လက်ငါးလုံးတောင်မရှည်ဘူး။ ဆိုးပါ့ (>.< )ကိုယ့်ရုပ်ကိုယ်ကြည့်ရတာ တော်တော်အသက်ကြီးနေပြီလိုပဲ။ ဒီဘက်နှစ်ပိုင်း စိတ်ဖိစီးမှုများတာနဲ့ ရုပ်လည်း တော်တော်ကျလာတယ်။ အသက်ကလည်း ၃၃ နှစ်နား ကပ်လာပြီကိုး။ သြော် ဇရာ ဇရာ။ အသေမဦးခင် ဉာဏ်ဦးဖို့လိုပြီ။ ဟီး တရားပေါက်သွားပြီ....
ကြမ်းပြင်ပူပူကြီးမှာ ခြေတကြွကြွနဲ့ ရိုက်လာတာ။
အရိုးအိုးစေတီလေးတွေ
သူတို့နိုင်ငံမှာ သင်္ချိုင်းမြေ သက်သက်မရှိဘူး။ ရပ်ကွက်တိုင်းမှာ ဘုန်းကြီးကျောင်းရှိတယ်။ ဘုန်းကြီးကျောင်းတိုင်းလိုလိုမှာလည်း မီးသဂြိုလ်စက်ရှိတယ်။ ဒီရပ်ကွက်မှာ ဆုံးသွားရင် ဒီဘုန်းကြီးကျောင်းမှာ သဂြိုလ်လိုက်ရုံပဲ။ တတ်နိုင်တဲ့သူတို့ ဘုရားတကာ၊ ကျောင်းတကာတို့ကျတော့ ဘုန်းကြီးကျောင်းဝင်းထဲမှာ နေရာရှိရင် ရှိသလို အရိုးပြာအိုးတွေဌာပနာပြီး အရိုးအိုးစေတီလေးတွေတည်ထားကြတယ်။ တကယ်တန်းတွေးကြည့်ရင် သင်္ချိုင်းက ရပ်ကွက်ထဲကြီးမှာ။ မြန်မာပြည်မှာလို တခြားနေရာမှာဆုံးသွားရင် ရပ်ကွက်ထဲ ရွာထဲမသွင်းရဘူး ရွာနာတယ် ရပ်ကွက်နာတယ်ဆိုတာတွေ ရှိရင် ဘယ်နှယ့်လုပ်မလဲ။ ဆုံးသွားတဲ့ရပ်ကွက်က ဘုန်းကြီးကျောင်းမှာပဲ သဂြိုလ်တာပဲလားမသိဘူး။ အဲ ခရီးသွားတဲ့အကြောင်းရေးရင်း ဘယ်ရောက်ကုန်ပါလိမ့် ....။
ကိုယ့်ကိုယ်ကိုယ် တော်တော်လေးဝ နေပြီမှတ်နေတာ ဒီလိုဆိုတော့လည်း ပိန်နေသလိုပဲ။ မျောက်မှန်တပ်လိုက်တော့ မျက်လုံးဖောင်းနေတာတွေ မသိသာတော့ဘူးပေါ့ ...ဟဲဟဲ။
ယေးးးး ပင်လယ်ရောက်ပြီကွ ....:D
ပင်လယ်မှာ ရေခူတွေရှိတယ်။ သူငယ်ချင်းတွေ ရေခူထိကြတာ တော်တော်ဆိုးတယ်။ နန်းလည်း ထိခဲ့တယ်။ ဒါပေမဲ့ သိပ်တော်မများပါဘူး။ ခြေသလုံးမှာ အနီအစင်းစင်းတွေဖြစ်သွားပြီး စပ်ဖြင်းဖြင်းဖြစ်နေတယ်။ မြန်မာပြည်က မောင်းမကန်ကမ်းခြေမှာလည်း ရေခူရှိတယ်။ မောင်းမကန်ကရေဆော့ပြီးတော့ နန်းမှာ အလာဂျစ်ဖြစ်လိုက်သေးတယ်။ ဒီမှာတော့ နည်းနည်းပါပဲ။ နန်းက အငံနဲ့မတည့်ဘူးနေမှာ ငပိငါးခြောက်လို အငံများတာတွေစားတိုင်း အလာဂျစ်ဖြစ်တယ်။
သဲသောင်ပြင်မှာ ခရုသိပ်မရှိဘူး။ အဲ့ခရုလေးတွေတောင် လိုက်ရှာပြီး ကောက်ထည့်ထားရတာ။ ရေလည်းနောက်တယ်။ လှိုင်းလည်းမကြီးဘူး။ ပင်လယ်ဆိုတာ လှိုင်းလုံးကြီးမှ ဆော့လို့ကောင်းတာလေ အစကတော့ နေပူကြီးထဲမှာ ရေမဆော့တော့ဘူး အသားမဲမှာစိုးလို့ဆိုပြီးတော့ တကယ်တန်း ပင်လယ်ကြီးကို တွေ့လိုက်တော့လည်း မနေနိုင်ပါဘူး။ ရေမဆော့ဘူးဆိုတဲ့သူက ရေမြင်တာနဲ့ တန်းဆော့တော့တာပဲ။ သူများတွေတောင် ရောက်တာနဲ့ စားကြသောက်ကြတုန်း နန်းက ကားပေါ်မှာစားခဲ့ပြီဆိုတော့ တစ်ယောက်ထဲ ရေထဲကို အရင်ဦးဆုံးဆင်းတာ။ ဟီးးး ကားစီးရင် ကားပေါ်မျာ တစွပ်စွပ်စားနေတတ်တာ ဘာအကျင့်လည်းမသိဘူး။ အမှန်ကတော့ ကားစီးရင် ကားမူးတတ်လို့ ကားမူးမှာကြောက်ပြီး အာရုံပြောင်းအောင် အစားစားတာ။ ဟဲဟဲ။ ကားသွားတဲ့အချိန် အစားစားထားတော့ ကားနားတဲ့အချိန်ဆို လျှောက်သွား လျှောက်ကြည့်ပေါ့။ ဒါကြောင့် သူများတွေ အစားစားတဲ့အချိန် နန်းက ရေထဲကို အရင်ဦးဆုံးဆင်းဆော့တာပေါ့။
ကိုယ်တိုင်ထောင်းတဲ့ သင်္ဘောသီးထောင်း။ ခရမ်းချဉ်သီးများများ မြေပဲများများ။ ငရုပ်သီးနည်းနည်း ငပိမပါဘူး။း)
လမ်းမှာစားဖို့ ကိုယ်တိုင်ကြော်သွားတဲ့ ကြာဇံကြော်။
သင်္ဘောသီးထောင်း စားပါအုံး။ စက်ရုံက သင်္ဘောသီးထောင်းဖို့ အစာပလာတွေ အားလုံးယူလာပေးတယ်။ ကြိုက်တဲ့လူ ကြိုက်သလို လာထောင်းစားတဲ့။ ဒါကြောင့် ကိုယ်တိုင်ထောင်းထားတာ။ ရေထဲက တစ်ခေါက်ပြန်တက်လာပြီး ပြန်လာစားတာ။ အင်္ကျီတော့ သိပ်မစိုသေးဘူး အောက်ပိုင်းတွေတော့ စိုရွှဲနေပြီ။ ပြီးမှ ပြန်သွားဆော့အုံးမှာ။
တစ်ပိုင်းပဲ ရေဆော့ရသေးတယ်။ တစ်ကိုယ်လုံးမဆော့ရသေးဘူး။ ဟဲဟဲ။
ပြီးမှ ကျောပိုးအိတ်ချ ၊ မျောက်မှန်ချွတ်ပြီး အပီအပြင်ကမြင်း။:P
ဒီလိုဒီလိုတွေလည်း ကမြင်းခဲ့ပါသည်။ ဟီးဟီးး
မြန်မာပြည်က ချောင်းသာလို ဘာမှ စားစရာသိပ်မရှိဘူး။ လက်ဆောင်ပစ္စည်းဝယ်စရာလည်း ဆိုင်လေး တစ်ဆိုင်ပဲရှိတယ်။ ခေါင်ပါ့။
ကင်းမွန်ကို အခြောက်လှန်းပြီး မွထားတာ။ တစ်ထုတ်ကို ဘတ်၂၀၀ တဲ့ မြန်မာငွေ ခြောက်ထောင်ပတ်ဝန်းကျင်ပေါ့။
ပိန်းနဲသီး အသားချို ပြီးသားကို သကြားရည်နဲ့စိမ်ထားတယ်။ ဘယ်လောက်ချိုအီနေလိုက်မလဲ။ နန်းက အချိုမကြိုက်လို့ မဝယ်ခဲ့ဘူး။ အသီးတွေကို လတ်လတ်ဆတ်ဆတ် အစိမ်းလိုက်ပဲကြိုက်တယ်။ စိမ်ထားတာဆိုလို့ မက်မန်းဝိုင်ပဲကြိုက်တယ်။ ငယ်ငယ်က မေမြို့မှာ ခြံရှိတော့ ခြံထဲက မက်မန်းသီးတွေကို စဥ့်အိုးတွေနဲ့ ဝိုင်စိမ်ထားတယ်။ အဲ့ဒီဝိုင်ကိုလည်း ကြိုက်တယ်။ ဝိုင်စိမ်ထားတဲ့ မက်မန်းသီးကိုလည်းကြိုက်တယ်။ ဝယ်သောက်တဲ့ SPY လို မက်မန်းဝိုင်တော့ မကြိုက်ဘူး။ မမူးလို့ ဟာဟ။ SPY ဆိုရင် အနက်ရောင် ငါးပုလင်းလောက်သောက်တာတောင် မမူးဘူး။ ဆိုးပါ့။
ကဲ ကမ်းခြေသွားလည်တဲ့ အကြောင်းကတော့ ဒီလောက်ပါပဲရှင်။ တော်တော်များသွားပြီ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
နန်းရွှေမှုံ။
အသက်က ၃၃ ကပ်နေပြီသာပြောတယ်။ နုပါတယ်။ ကိုယ်လုံးပေါ်ပုံတွေမှာဆို ဆယ်ကျော်သက်အတိုင်းပဲ... နောက်မှ အသေးစိတ်လာထပ်ဖတ်မယ်။ blog ကို လင့်လဲ ချိတ်ထားမယ်နော်...
ReplyDeleteဟိပျော်ထှာာာ နုပါတယ်တဲ့…။ ကျေးဇူးတင်ပါတယ်ရှင့်…။
Deleteဘန်ကောက်ဘယ်နေရာမှာနေတာလဲ...
ReplyDeleteဖွတ္ထမွန်ထွန်း စိုင်(၄)မှာပါအမ။
Delete