Saturday, May 17, 2014

မနေ့ ကထက်ဒီနေ့ ပိုချစ်စေမဲ့ နည်း။

(၁) အပေးအယူမျှမှ....ဂရုစိုက်တက်မှပေါ့  
တင်းကျပ်စွာချည်နှောင်ထားတဲ့ ချစ်နည်းထက်လွပ်လွပ်လပ်လပ်နဲ့ နားလည်မူပေးကြည့် ပါ။ နှစ်ဦးကြားမှာ
မှားနေတယ်ထင်တာတွေကိုအရင်စသတိထားမိတဲ့ လူကကိုယ်တိုင် စပြင်ပါ။
တစ်ခါတစ်လေ အဝေးကပဲချစ်နေမယ်ဆိုတဲ့ စိတ်က်ုဖျောက်ပြီးနေ့ စဉ်ကြင်နာယုယမူနဲ့ 
ချစ်သစ်ပင်လေးတွေရှင်သန်ပါစေ။ အမြဲတစ်ယောက်နဲ့ တစ်ယောက်ညှိနိုင်းဆွေးနွေးပါ။
မအားဘူးဆိုတဲ့ ကြားကအချိန်လုယူပြီးတစ်ပတ်တစ်ခါလောက်စကားလက်ဆုံပြောပေးပါ။
သူအတွက်အံ့ သြစရာတွေ ဖန်တီးပြပါ။ နွေးထွေးတဲ့ သင်တို့ နှစ်ဦးရဲ့ လက်တစ်စုံနဲ့ အတူ
လမ်းလျှောက်ထွက်ပါ။ ညတွေကို  Message  ပို့ ရင်း..ချစ်စကားလေးတွေပြောရင်းကုန်လွန်ပါစေ။
ဘယ်တော့ ဘယ်တော့ မှသင်တို့ အလုပ်တွေကြောင့် အခြားအကြောင်းတွေကြောင့် 
အချစ်ကိုအရောင့် ပြယ်အောင်မလုပ်ပါနဲ့ ။
ချစ်သူအတွက်မှအချိန်မပေးတက်ရင်သင့် ရင်ထဲမှာနှလုံးသားထည့်မထားပါနဲ့ ။


(၂)။ရန်ဖြစ်စေမဲ့ စကား....အမြန်ရှောင်ရှား

 အလျှောက်ကောင်းမှအထာင်းသက်သာတဲ့ ။ 
အချစ်မှာအနည်းနဲ့ အများညစ်စရာတော့ ရှိတာပဲ။
ရန်စကားမစခင်ကတည်းစကားလမ်းကြောင်းလွှဲတက်ရတယ်အဖြေမထုတ်ရသေးပဲနဲ့ 
ကိုယ်ကစပြီး ပြဿ     နာမရှာမိပါစေနဲ့ ။ဒီလို့ တော့ ထင်တယ်ဆိုပြီး နားဝင်အောင်ပြောပြထားရမယ်။ 
အရှိန်မတက်ခင်ကြိုတာှးဆီးတာပေါ့ ။ ဆိုးဝါးတဲ့ အခြေအနေရောက်လာရင်တော့ စကားဖြတ်လိုက်တော့ ။
ပြောချိန်တန်မှပြောတာအကောင်းဆုံးပဲ။ စကားလွှဲတဲ့ ပညာလဲအခုထုတ်သာသုံးတော့ ။ 
နားလည်မူတော့ ပေးရမှာသင့် တာဝန်ပဲ။ မုန်းဖို့ ချစ်ခဲ့ ကြတာလား။
စိတ်ချင်းထပ်တူညီဖို့ လူသားတွေမှာခက်ခဲတယ်ညှိယူတတ်ရမယ်။

(၃)မေ့ သင့် တာတွေမေ့ ပစ်ပါ

အတိတ်ဆိုတာကိုလက်ရှိဘ၀ထဲဆွဲခေါ်မလာနဲ့ လက်ရှိမှာသာအကောင်းဆုံးဖြစ်အောင်ချစ်ရမှာ။
အနာဂတ်အတွက်အချစ်အိမ်ဆောက်နေကြတာပဲ။ အတိတ်အတွက်မှမဟုတ်တာ။
အတိတ်ကအမှားတွေဘာလို့ မမေ့ နိုင်ရမှာလဲ။
အခုထိအတိတ်ကိုမမေ့ ဘူးဆို သင့် အချစ်ကအချစ်ဆိုတာမဖြစ်နိုင်ဘူး။
လက်ရှိ..လက်ရှိမှာပဲနော်အနာဂတ်အတွက်သင့် အတွက်...အကောင်းဆုံးလက်တွဲဖော်ဆိုတာ....။
ချစ်လို့ စမယ်ဆိုရင်တောင်အတိတ်ကအမှားတွေနဲ့ မစမိပါစေနဲ့ ။
ဖြစ်ပြီးသမျှတွေအပြစ်တင်တာဝေဖန်တာမလုပ်ပါနဲ့ ။
အမြဲတမ်းဖြေရှင်းချက်တွေပေးမနေနဲ့ လို့ ပြောမဲ့ အစားသူ့ ကိုဖြေရှင်းချက်ပေးကြည့် ပါ။ လေးစားမူရှိပါ။
အဓိကကတော့ ....အတိတ်မှာဘာတွေဖြစ်ခဲ့ တယ်ဆိုတာဆိုတာချည်းပဲ တူးဖော်နေမဲ့ အစားလက်ရှိသင်
ဘယ်လောက်တန်ဖိုးထားချစ်နေမယ်ဆိုတာသူသိလာအောင် ခံစားမိလာပါစေ။


(၄)။ကူညီဖြေရှင်းပေးမူတွေနဲ့ ချစ်သက်တမ်းလေးရှည်ပါစေ။

ချစ်သူရဲ့ အားနည်းချက်တွေ လိုအပ်မှုတွအတွက် စိတ်ပျက်နေရင်သင်သူ့ ကိုဘာချစ်တာလဲ?
သူ့ရဲ့ အားငယ်စိုးရွံ့ မူတွေနောက်မှာ ယုံကြည်အားထားမူတွေရှိလာဖို့ 
သင်ကမားမားရပ်ပြီးကာကွယ်ပေးနိုင်ဖို့ လိုတယ်နော်။
သင်လုပ်ပေးနိုင်ပါတယ်ဆိုတာထက် ပိုလုပ်ပေးနိုင်တယ် အားပေးနိုင်တယ် လို့ စိတ်သွင်းပါ။
သင်ဘယ်လောက်ပင်ပန်းပါစေသင့်အချစ်တွေနဲ့ အတူ သင်ဟာသူ့ အချစ်အိမ်အတွက်  
Hero  ဖြစ်နေပါစေ။ သင့် အချစ်တွေသာစစ်မှန်ရင်ရောင်ပြန်ဟပ်လာမှာပါ။
Credit: Fwd မှတ်စုများ
မယုံရင် ချစ်ကြည့် ....
မှ ပြန်လည်မျှဝေပါသည်။

1 comment:

  1. ဟုတ်ကဲ့ စည်းကမ်းချက်များကို လိုက်နာပါ့မယ်

    ReplyDelete