Wednesday, May 21, 2014

ချစ်မေမေအတွက် မွေးနေ့ဆုတောင်း။


ယနေ့ (၂၈ - ၂ - ၂၀၁၄) ရက်နေ့တွင် ကျရောက်သော ရွှေရတုလွန် မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင်အောင် သည်သား၊ သည်သမီး၊ သည်မြေးများနှင့်အတူ
အမျိုး၊ ဘာသာ၊ သာသနာ အကျိုး ဆထက် တပိုး ထမ်းဆောင်နိုင်ပြီး
ပျော်ရွှင်၊ အောင်မြင်၊ ချမ်းမြေ့ သာယာတဲ့ ဘဝတွေ
ပိုင်ဆိုင်နိုင်ပါစေလို့.... အဝေးတစ်နေရာက ချစ်သမီးကြီး
ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်မေမေ.....
 မေမေ...
မေမေက သမီးရဲ့အနှိုင်းမဲ့မေမေပါ...
မေမေ....
မနက်ဖြန်ဆို သမီး မေ့မေ့မွေးနေ့ အတွက် အမှတ်တရ သွေးသွားလှူမယ်နော်....
မေမေ သာဓုခေါ်ပါ....

ချစ်တဲ့မေမေ...
အဝေးတနေရာကနေ မေမေ့အတွက် ကုသိုလ်ကောင်းမှူပဲ လုပ်ပေးနိုင်ပေမဲ့
သမီးရဲ့ နှလုံးသားထဲမှာ မေမေရဲ့ သွေးတွေ ထာဝရစီးဆင်းနေပါတယ်မေမေရယ်....
မေမေပေးတဲ့ ဖြူစင်တဲ့မေတ္တာတွေကို...
မေတ္တာငတ်မွတ်နေတဲ့ မိဘမဲ့ကလေးတွေနဲ့ မပြည့်စုံသူတွေကို 
ပြန်ပြီးမေတ္တာပြ ကူညီပေးနေတယ်မေမေ....
မိသားစုအတွက်လည်း တာဝန်ကျေတဲ့ သမီးကြီးဖြစ်သလို အများအတွက်လည်း
တန်ဖိုးရှိတဲ့သူ ဖြစ်ပါရစေလို့ သမီးဆုတောင်းပါရစေမေမေရယ်....

မေမေ့မွေးနေ့တုန်းက အဖြူရောင်ဆိုဒ်မှာတင်ထားတာလေး ပြန်ကူးယူထားတာပါ...။

No comments:

Post a Comment