Tuesday, May 20, 2014
အကြပ်အတည်း အခက်အခဲ။
မေလကုန်ရင် မြန်မာပြည်ကို အပြီးပြန်မလို့ပါ။ သမီးလေးက တော်တော်နေမကောင်းဖြစ်နေလို့လေ။
အက်ဆီးဒင့် တစ်ခုကြောင့် ညာဖက်ပခုံး ရိုးကျိုးပြီး လက်မောင်းအဆစ်နဲ့ တံတောင်
အဆစ်တွေ ပြုတ်သွားတယ်တဲ့။ နဂိုကမှသမီးက အသက်(၂)နှစ်ကျော်တာတောင်
ကောင်းကောင်းမထိုင်နိုင်သေးဘူး။ အဲ့လိုဖြစ်တယ်ဆိုတော့။ ခက်တာက အလုပ်ကလဲ
ထွက်ခွင့် မပေးဘူး။ ခွင့်တလပေးလိုက်တယ်။ ကလေးနေကောင်းသွားရင် ပြန်လာပါတဲ့။ သားသမီးတွေကို ဘန်ကောက်မှာ ခေါ်ထားနိုင်ဖို့
ကူညီနိုင်တဲ့သူများရှိရင် ကူညီကြပါအုံးနော်။ တော်တော်ရွေးရခက်တဲ့အခြေအနေကိုရောက်နေတယ်။
ရင်ထဲမှာရှိတာကိုတောင် ရှိတဲ့အတိုင်းမပြောတတ်ပဲနဲ့ စာနဲချရေးဖို့ဆိုတာ
မလွယ်လှပါဘူး။ ရင်ထဲမှာရှိသမှစကားလုံးတွေကို အကုန်ချရေးရရင်လဲ တောရောက်တောင်ရောက်တွေရောက်ကုန်မယ် ထင်တယ်။ ကိုယ်ရေးတဲ့စာကိုယ်ပြန်ဖတ်ပြီးရင်
ငါမရင့်ကျက်သေးပါလားလို့ သတိထားမိတယ်။ အလုပ်ကိုလဲ မထွက်ချင်ဘူး။
မထွက်ချင်ဘူးဆိုတာက သက်သက်သာသာ လုပ်ရတယ်လေ။ သူများနိုင်ငံမှာ အလုပ်လုပ်နေပေမဲ့
အလုပ်လုပ်ရတာ မပင်ပမ်းလှဘူး။ ရေသာခိုအချောင်ကြိုက်တာတော့လဲ
မဟုတ်ပါဘူးလေ။ ဒီရာထူးဒီနေရာရအောင် ကိုယ်ဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတာ
ကိုယ်ပဲသိတယ်။ ကိုယ်တိုင်ကြိုးစားလို့ရလာတဲ့ အရာလေးဆိုတော့ နှမျောမိတာတော့အမှန်။ မြန်မာပြည်ပြန်ရင် အစက ပြန်စရမှာ။
ကိုယ့်ကျန်းမာရေးအကြောင်းကလဲ သိပ်မကောင်းလှဘူး။
ကွန်ပျူတာရှေ့မှာငြိမ်ငြိမ်လေးထိုင်လုပ်ရတာတောင်ပင်ပမ်းလှပြီ။ သားကြီးကို
ဘန်ကောက်ခေါ်လာရင်လဲ သားကြီးပညာရေးက အရေးကြီးတယ်။ သမီးငယ်ကို ခေါ်လာပြန်တော့လဲ ပိုလီယိုဖြစ်တာမဟုတ်ပဲ မသန်မစွမ်းဖြစ်နေတဲ့ကလေးကို
ကြည့်ပေးမဲ့သူကမရှိ။ နေ့ခင်းအလုပ်သွားချိန် ဘယ်လိုထားခဲ့ရမလဲ။ ကလေးတွေက
အရေးကြီးတယ်ဆိုပြီး ကြုံရာလုပ်စားလို့ အိပ်ယာထဲလဲရင် ဖိုးသူတော်လဲလို့
တောင်ဝှေးမထူနိုင်ဖြစ်အုံးမယ်။ ဝှူးးးးးးးးးးး တော်တော်စဉ်းစားရကြပ်တဲ့အခြေအနေပါပဲလားးးးးး။
ကြပ်တည်းတဲ့အချိန်ဆိုတာ မပြေလည်မချင်းတော့ တော်တော်နေရထိုင်ရဆိုးတဲ့
အရာကြီးပါ။ ပြေလည်သွားတော့လဲ သူမဟုတ်သလိုပါပဲ...။ အချိန်တန်ရင်တော့
အဆင်ပြေသွားမှာပါနော့်။ အချိန်မတန်ခင်တော့ စိတ်ရှုပ်ရှုပ်လေးနဲ့နေလိုက်အုံးပေါ့။
ဒါပဲရှိတာပဲလေ။ ကိုယ့်ရွေးချယ်မှု မှန်ဖို့ပဲလိုတာပါ။ ရွေးချယ်မှုတွေမှန်ကန်စေဖို့ ခေါင်းကိုရေစိမ်ထားရတယ်။
စိတ်ညစ်ရလွန်းလို့ ကြောင်သွားတာလားတော့ မပြောတတ်ပါဘူး။
Labels:
အမှတ်တရ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment