Monday, December 22, 2014

ဒီဇင်ဘာ ၂၂။

ဒီနေ့က နန်းဒက်ဒီရဲ့ မွေးနေ့ပါ။ ဒက်ဒီ့မွေးနေ့မှာ ဒက်ဒီ့အတွက် မွေးနေ့ဆုတောင်းတွေကို ဖေ့ဘုတ်ကနေ့ပို့ပြီးပါပြီး ဒီနေရာမှာတော့  နန်းရင်ထဲက ဒက်ဒီ့ကိုပြောချင်တဲ့စကားတွေကို ပြောချင်ပါတယ်။ တကယ်တော့ သားသမီးတွေထဲမှာ ဘယ်သားသမီးကို အချစ်ဆုံးဆိုတာ မရှိဘူး။ သားသမီးတွေအားလုံးကို အတူတူပဲချစ်တယ်ဆိုတာကို နန်းကိုယ်တိုင် သားသမီးနှစ်ယောက်ရလာမှ သိလာရတာပါ။ ငယ်ငယ်ကတော့ ဒက်ဒီတို့က ဘယ်သူ့ကိုအချစ်ဆုံး။ မာမီကဆို ဘယ်သူ့မှ ပိုချစ်တာလို့ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ နန်းကတော့ ဒက်ဒီနဲ့မာမီမှာ ဒက်ဒီ့ကို ပိုချစ်ခဲ့တာပါ။ မာမီ့ကိုတော့ သနားချစ်နဲ့ ချစ်တာ။ မအေကိုများ သူက သနားရသေးသတဲ့ လို့တော့မထင်စေချင်ပါဘူး။ ဒက်ဒီနဲ့ မာမီ့ကို ချစ်တဲ့အချစ်ချင်းက မတူကြဘူး။ နန်းက ဒက်ဒီ့ကို အချစ်ဆုံး ပြီးတော့ ဒက်ဒီ့နဲ့ နန်းနဲ့ မတဲ့ဆုံးပါပဲ။ ဒက်ဒီနဲ့ နန်းနဲ့ မျက်နှာချင်းဆိုင်လို့မရပါဘူး။ နန်းကပဲတအားဆိုးလွန်းလို့ဖြစ်မှာပါ။ နန်းတို့ မိသားစုကိစ္စတွေ အဆင်မပြေဖြစ်ရတာ ဒက်ဒီကြောင့်လို့ နန်းက ထင်ပေမဲ့ ဒက်ဒီကတော့ မအေဖြစ်တဲ့ မာမီက အုပ်ထိန်းမှု ညံ့ဖျင်းလို့ လို့ ပြောပါတယ်။ ဒက်ဒီ့ကို ပြောချင်တဲ့စကားတွေက ရင်ထဲမှာ ပြည့်နေပြီး ပါးစပ်ကလဲ ပြောလို့မထွက်သလို လက်ကလဲ ရေးလို့မရပြန်ပါဘူး။ မွေးနေ့မှာ ပျော်ရွှင်ပါစေဒက်ဒီ…။ 



ဒုတိယတန်းနှစ်မှာ ဆိုက်ကားနဲ့ကျောင်းမသွားချင်းဘူးဆိုလို့ သမီးကို ကျောပိုးပြီး ကျောင်းပို့ခဲ့တာတွေအတွက် ကျေးဇူးအထူးပါဒက်ဒီ။
ဒက်ဒီနဲ့မာမီမှာ သမီးက ဒက်ဒီ့ကို အချစ်ဆုံးပါ။


ဆယ်တန်း နှစ်တစ်ဝက်လုံးလုံး မနက်လေးနာရီထပြီး စက်မှု(၂) ကနေ လမ်း ၃၀၊ ၈၁ လမ်းဒေါင့်က အ.ထ.က (၂) အထိ ခုနစ်မိုင်ခရီးကို စက်ဘီးနဲ့ ကျူရှင်ပို့ပေးခဲ့တဲ့ ဒက်ဒီ့ရဲ့ကျေးဇူးတွေကိုလဲ သမီးက အမြဲတမ်း အမှတ်ရနေပါတယ်။ 



2 comments:

  1. သမီးချစ်ဖေဖေအကြောင်း ဖတ်သွားပြီ နန်းရေ။ မွေးနေ့အမှတ်တရလေးကို ဖတ်မိရင် နန်းဖေဖေကျေနပ်နေမှာပါ.... နည်းတစ်ကျက်ကျက် ဝေးတစ်သက်သက်စာရင်းထဲမှာ နန်းတို့သားအဖပါဝင်ပုံရတယ်.... :P ချစ်လို့စတာနော်... :)
    မွေးနေ့ရှင်နဲ့မိသားစု ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

    ReplyDelete
  2. အမှားပြင်ဆင်ချက် ဟိဟိ...
    'နီးတစ်ကျက်ကျက် ဝေးတစ်သက်သက်' လို့ဖတ်ပေးနော် ... :P

    ReplyDelete