Friday, January 16, 2015

ကြိုတင်သတိ အကျိုးရှိ

နှစ်သစ်မှာ မင်္ဂလာအပေါင်း ခညောင်းလို့ ကျက်သရေ အဖြာဖြာ ဝေဆာနိုင်ကြပါစေ ...               


                       ကြိုတင်သတိ အကျိုးရှိ

၁ ။ တနေဝင်လျက် တနေထွက် နေ့ရက် နာရီ ကုန်ခဲ့ပြီ ။

၂ ။ နာရီတွေ ပြောင်း ရက်တွေ နှောင်း လပေါင်း ဆင့်ဆင့် တက်ခဲ့ပြီ ။

၃ ။ လပေါင်းစုတွေ ကုန်လွန်စေ သစ်ဝေ တနှစ်ဆန်းတော့မည် ။

၎ ။ တနှစ်ဆန်းလျှင် ငါ့အသွင် တွင်တွင် ဆန်းစစ်ကြည့်သင့်ပြီ ။

၅ ။ တနှစ်တာတွင် မဆင်ခြင် ပျော်ချင်သမျှ ပျော်ခဲ့သည် ။

၆ ။ တနှစ်တာတွင် မဆင်ခြင် မော်ချင်သမျှ မော်ခဲ့သည် ။

၇ ။ အရွယ် ချင့်သော် တော်သင့်နော် ပျော်မော်အကြွား နားသင့်ပြီ ။

၈ ။ ပျော်မော်မကင်း မေ့လျော့လျှင်း သေမင်း ငါ့ကို ညှင်းတော့မည် ။

၉ ။ သေမင်းလက်တွင် မရောက်ခင်က ကြိုတင်စဉ်းစား မြတ်တရား ကြိုးစားသင့်လှပြီ ။


                                                                          အောင်ရွှေထီး
မေတ္တာတရား မှ ကူးယူထားပါသည်။

2 comments:

  1. ကြိုတင်သိသင့်တာလေးတွေ ဖတ်သွားပြီ ကျေးဇူးပါ နန်းရေ။

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ တီတင့် အလုပ်များနေတယ်ထင်တယ်။

      Delete