ပရိတ်လိုက်မရွတ်ဆိုရတာ ဘာကြောင့်ဆိုတာ
သိရရင် တပည့်တော်မလို လိုက်ရွတ်နေတဲ့သူတွေ ဗဟုသုတအတွက် ထည့်ပြောချင်ပါတယ်ဘုရား။
(ဒေါ်မာမာအေး)
ပရိတ်က သူများအကျိုးရစေချင်ရင် ကိုယ်ကရွတ်ပေး၊ ကိုယ်က အကျိုးရချင်ရင် သူများရွတ်တာ နာယူရတယ်၊ ဘုရားရှင် ကိုယ်တော်တိုင် မကျန်းမာတဲ့အခါ စုန္ဒမထေရ်ကို ဗောဇ္ဈင်င်္ဂသုတ် ရွတ်စေပြီး ဘုရားရှင်က လေးလေးစားစား နာယူတော်မူပါတယ်။ ပြီးတော့ ရဟန်းတော်တို့မှာ လူဝတ်ကြောင်များနဲ့ ပါဠိကို ပုဒ်ပြိုင်မရွတ်ရလို့ ပညတ်ချက်ရှိတယ်၊ ရဟန်းများ အာပတ်သင့်တယ်။
ကျန်းမာပါစေ။
(ဓမ္မဘေရီဆရာတော်)

credit Khin Maung Lay
ဆရာတော်သံဃာတော်တွေ ပရိတ်ရွတ်ရင် နန်းတို့လည်း နောက်ကလိုက်ရွတ်မိတယ်။ ကိုယ့်နှုတ်ကရွတ်တော့ ကုသိုလ်ရမယ်လို့ လည်း ထင်ခဲ့တယ်။ ပရတ်တော်တွေကို အလွတ်ကျက်နေချိန်ဆိုတော့ အလွတ်ရသလားဆိုတဲ့စိတ်နဲ့လည်း လိုက်ရွတ်မိတယ်။ ခုတော့ ရဟန်းတွေနဲ့ ပုဒ်ပြိုင်ရွတ်သလိုဖြစ်ပြီး ရဟန်းတော်တွေမှာ (ကိုယ့်အတွက်နဲ့) အာပတ်သင့်စေတယ်တဲ့။ ဒါဆို ကုသိုလ်မဖြစ်တဲ့အပြင် အကုသိုလ်တောင်ဖြစ်နေသေးတယ်ပေါ့။ မရှိတာထက် မသိတာခက် ဆိုတာ ဒါမျိုးကိုပြောတာ ဖြစ်မှာပဲ။ ကိုယ်က ကောင်းတယ်ထင်ပေမဲ့ သူတပါးအတွက်တော့ အရာရာတိုင်း အကောင်းမဖြစ်နိုင်ဘူးနော် .... အသိနဲ့ သတိ အမြဲရှိပြီး သူတပါးအတွက် ကောင်းကျိုးဖြစ်စေမဲ့သူ ဖြစ်ကြပါစေ....။ ဖြစ်ပါရစေ ...။ နောက်ဆိုရင် ပရိတ်တရားတော်တွေ ရွတ်သံကြားရင် လိုက်မရွတ်တော့ဘူး။ လေးလေးစားစား ကြည်ကြည်ညိုညိုနဲ့ပဲ နာယူတော့မယ်။
No comments:
Post a Comment