ပထမဦးဆုံး ငွေစက္ကူရဲ့ ထောင့် ၄ ထောင့်ကို သွားကြားထိုးတံလေးနဲ့ အလိပ်ကလေးတွေ ဖြစ်သွားအောင် လိပ်ပါတယ်။ ငွေစက္ကူရဲ့ ထောင့်နားလေးမှာ သွားကြားထိုးတံလေးကို တင်ပြီး လက်မလေးနဲ့ အသာလေး ပွတ်လှိမ့်လိုက်တာပါ။ အစပိုင်းမှာ ထောင့်အစွန်းလေးက သွားကြားထိုးတံနဲ့အတူ လိပ်ဝင်မသွားပဲ ချော်ထွက်သွားတတ်ပါတယ်။ လက်မအဖျားလေးကို အသာသိမ်းပြီး လိပ်လိုက်ရင်တော့ ထောင့်အစွန်းလေးက သွားကြားထိုးတံလေးနဲ့အတူ အတွင်းထဲကို လိပ်ပြီး ဝင်သွားမှာပါ။ ဝင်သွားပြီဆိုရင် အလိပ်ကလေး အသားသေသွားအောင် သုံး လေးကြိမ်လောက် ပွတ်ပြီး လှိမ့်ပေးလိုက်ပါတယ်။
ထောင့် လေးထောင့်စလုံးကို တစ်ဖက်တည်း လိပ်ပါတယ်။ နှစ်ရွက်လိပ်ရပါတယ်။ ပန်းတစ်ပွင့်ကို ငွေစက္ကူ သုံးရွက်သုံးပါတယ်။
အတွင်းဆုံးအရွက်အတွက်ကိုတော့ ထောင့်နှစ်ထောင့်ကို ငွေစက္ကူရဲ့ ရှေ့မျက်နှာစာဖက်ကို လိပ်ပြီး ကျန်ထောင့်နှစ်ထောင့်ကို ငွေစက္ကူရဲ့ အနောက်မျက်နှာစာဖက်ကို လိပ်ပါတယ်။
ငွေစက္ကူရဲ့ ခါးလယ်ကနေ ခေါက်တွန့်ပြီး သွပ်နန်းကြိုးနဲ့ တွဲချည်ပြီး ပိုနေတဲ့ နန်းကြိုးတွေကို လိမ်လိုက်ပါတယ်။ ပွင့်ဖတ် တစ်ဖတ်ရသွားပါပြီ။
ကျန်ပွင့်ဖတ်နှစ်ဖတ်ကိုလဲ အတွင်းထဲမှာ နေသားတကျဖြစ်အောင်ထည့်ပြီး နန်းကြိုးအားလုံးကို စုပြီး လိမ်လိုက်တဲ့အခါ ငွေစက္ကူနဲ့လုပ်ထားတဲ့ နှင်းဆီပန်းလေးတစ်ပွင့်ရလာပါတယ်။ ယူကျုထဲမှာ သူပြထားတာကတော့ နန်းကြိုးနေရာကို မမြင်ရအောင် ပန်းပွင့်တွေလုပ်တဲ့အခါမှာသုံးတဲ့ တိပ်အစိမ်းရောင်လေးနဲ့ ပတ်လိုက်ပါတယ်။ နန်းကတော့ ဒီအတိုင်းပဲထားပါတယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ်ပေါ့။
အဲ့ဒီနှင်းဆီပန်းလေးတွေကို ကိုယ်စိတ်ကူးရှိသလို စုစည်းပြီး ပါကင်ပေပါလှလှလေးနဲ့ထုပ်ပိုးပြီး ဖဲကြိုးလေးတွေနဲ့ အလှဆင်လိုက်တဲ့အခါ လှပတဲ့ ငွေစက္ကူပန်းစည်းလေးရရှိသွားပါပြီ။ ထိုင်းငွေစက္ကူမှာနှစ်စ်ဆယ်တန်က အစိမ်းရောင်၊ ငါးဆယ်တန်က အပြာရောင်နဲ့ တစ်ရာတန်က ပန်းရောင်ပါ။ သူပေးလာတာ နှစ်ဆယ်တန်၊ ငါးဆယ်တန်နဲ့ တစ်ရာတန်တွေပဲဆိုတော့ ပလပ်စတစ်ပန်း သနပ်ခါးပန်းအဝါလုံးလေးတွေရောထည့်ပြီး ခရမ်းဖျော့ရောင် စက္ကူနဲ့ထုပ်ပေးလိုက်ပါတယ်။ ခရမ်းရောင်ဖဲကြိုးလေးတွေနဲ့ ချည်ပေးလိုက်ပါတယ်။ ဘယ်အရောင်က ဘယ်လိုသတ္တိတွေရှိတယ်ဆိုတာ နန်းမသိပါဘူး။ နန်းမျက်စိထဲမှာ အဆင်ပြေမယ်ထင်တာကိုပဲ လုပ်ပေးလိုက်တာပါ။ လက်ခ ဘယ်လောက်ပေးရမလဲတဲ့။ မသိဘူး ပေးချင်သလောက်ပေး မပေးရင်လဲရတယ်။ နန်းပစ္စည်းတွေဝယ်တာ ၁၃၀ ကျတယ်။ ၁၃၀ ပဲပေးဆိုတော့ ဘတ်လေးရာ ပေးပါတယ်။ စိတ်ဆိုးတာပေါ့း)))
နောက်နေ့ကျတော့ သူ့လို ငွေစက္ကူနဲ့ ပန်းစည်းလုပ်ပြီးပေးတာ သူတစ်ယောက်ပဲရှိတယ်တဲ့။ ဘေးနားကလူတွေက သဘောကျလို့ ဘယ်မှာဝယ်တာလဲ။ ဘယ်လောက်ပေးရလဲလို့ မေးကြတယ်တဲ့။ ငါ့စက်ရုံက မြန်မာမလေးလုပ်ပေးတာလို့ပြောလိုက်တယ်တဲ့ ခိခိ။ သူ့သားဘွဲ့ယူပြီးတော့ သူပေးတဲ့ပန်းစည်းလေးကိုင်ပြီး တန်းစီသွားနေတာကြည့်ပြီး သူမျက်ရည်တောင်ကျတယ်တဲ့။ သူဖြစ်ချင်တာကို ရအောင်လုပ်ပေးလို့ နန်းကိုလဲ ကျေးဇူးတင်တယ်တဲ့။ နန်းမလုပ်တတ်လုပ်တတ်နဲ့ လုပ်ပေးတဲ့အရာလေးကို သဘောကျတယ်ဆိုတော့ နန်းက ပိုလို့တောင်ပျော်ပါသေးတယ် နော့်....။
နန်းကတော်လိုက်တာ။
ReplyDeleteအရောင်လေးတွေတွဲပေးလိုက်တာလည်း ယဉ်ပြီးလှတယ်။
မမအိုင်အိုရာ
လက်မှုပညာကလည်း စိတ်ဝင်စားစရာကောင်းတယ် နန်းရေ။
ReplyDeleteရှမ်းမလေးတွေ သိတ်တော်တယ် :P တီတင့်ချွေးမလေးလည်း အချုပ်အလုပ် ပန်းထိုးနည်းတွေကျွမ်းတယ် ^_^