Monday, October 13, 2014

ရှင်မင်းလေးရဲ့ ဘာသာစကား။ (၁)

စကားမပြောတတ်တဲ့သမီးလေးရဲ့ ခြေဟန်လက်ဟန်နဲ့ပြောပုံကလေးတွေကို အမှတ်တရ မှတ်သားထားချင် တဲ့သဘောပါ။ သူများတွေက ကိုယ့်သားသမီးလေးတွေ စကားတတ်လွန်းတာကို ဂုဏ်ယူကျေနပ်ဝမ်းမြောက် ကြရသလို နန်းကလဲ နန်းသမီးလေး ခြေဟန်လက်ဟန်လေးတွေနဲ့ ပြောတတ် လာတာကိုပဲ ပီတိတွေတ စိမ့် စိမ့်ဖြာ၊ မျက်ရည်တွေဝေ့တက်လာပြီး ရင်ထဲမှာနင့်နင့်နဲနဲ နဲ့ ကြည်နူးဝမ်းသာ ရတာပါ။


သမီးလေးငယ်ငယ်ကဆို ဘယ်သူကမြှူမြှူ မရီဘူး။ မြှူတဲ့သူသာ မောသွားမယ် သမီးလေးကတော့ လုံးဝ မရီ ပါဘူး။ သူသဘောကျရင် ဟဲကနဲ ပါးစပ်ကြီးဟပြီးပြုံးလိုက်တာကလွဲလို့ အသံထွက်ပြီး မရီတတ်ပါဘူး။ အဲ့ဒီ လိုပြုံးတာကလဲ တစ်ခါပါပဲ။ ထပ်မြှူရင်လဲ ထပ်မပြုံးတော့ပါဘူး။


မှတ်မှတ်ရရ သမီးလေးဟက်ဟက်ပက်ပက်ရီတဲ့အသံကိုကြားဖူးတာ သမီးလေးခြောက်လကျော်မှပါ။ ဒါလဲ  မြှူလို့ရီတာမဟုတ်ပါဘူး။ မြဝတီမြို့က ရွှေမြင်းဝန်ဘုရားကြီးကိုသွားကြတော့ ဘုရားဝင်းထဲကဓမ္မာရုံမှာ က လေး တွဆော့နေကြတာအများကြီးပဲ။ ပြေးတဲ့သူကပြေး၊ လိုက်တဲ့သူကလိုက်၊ ခုံတဲ့သူကခုံပေါ့။

အဲ့ဓမ္မာ ရုံပေါ်မှာ နှီးဘုရားကြီးရှိတော့ ကန်တော့ရအောင် ဓမ္မာရုံပေါ်တက်သွားတာပါ။ အဲ့ဒီကလေးတွေကို လဲမြင်ရော သမီးလေးက ရီလိုက်တာ တခစ်ခစ်နဲ့နေတာပဲ။ နန်းမှာ သမီးရီသံ ကိုကြားရလို့ ပျော်လိုက်တာ အရမ်းပဲ။ အဲ့နေ့ညက အိပ်လို့တောင်မပျော်ဘူး။ တွေ့တဲ့သူတွေကိုလဲ သမီးရီတဲ့အကြောင်းကြွားရတာ အမောပေါ့။

 နောက်ပိုင်း သမီးရီသံသိပ်မကြားရတော့ပါဘူး။ ကလေးတွေအများကြီးဆော့နေတာမြင်ရင် တော့ ရီတတ်လာတယ်။ အိမ်ဘေးနားက ကိုကိုဖိုးလပြည့်မူကြိုတက်ချိန် မူကြိုလိုက်ပို့ရင်းခေါ်သွားတော့ မူကြိုက စိန်တုံးလေးတွေ လက်လက်ထနေအောင်ဆော့တာမြင်တိုင်း တခစ်ခစ်ရီတော့ နေ့တိုင်းကျောင်းလိုက်ပို့ရ တော့တာပေါ့။
သမီးလေးဘဝမှာ ပထမဆုံးရီတဲ့အချိန်ပေါ့။ လက်ထဲမှာရှိတဲ့ဖုန်းလေးနဲ့ အမိအရ ဓါတ်ပုံရိုက်ထားလိုက်တယ်လေ။




No comments:

Post a Comment